သူသည် သူ ပြောသည့်အတိုင်း တကယ်လုပ်မည့်သူမှန်း ည သိတာမို့ ည မှာ အတွေး ပေါင်းစုံဖြင့် ချာချာလည်နေဆဲ။
ထိုစဉ် ဖုန်းသံကြားလိုက်ရတာမို့ ည နားထောင်လိုက်မိရာ
“ဟလို...ဟိုနေ့က အမကို ညဖက် ဖုန်းဆက်မယ် ပြောတဲ့သူပါ ... အဲ့ညက အမကို မဆက်ခဲ့ရဖူး...
အမကို ပြောပြဖို့ ကျမ သတ္တိမွေးနေရတာလဲပါတယ်အမ...
ညီမ မေမေက ဖေဖေရဲ့ ဒုတိယ ဇနီးပါ.. မေမေက ဖေဖေ့ ကုမ္ပဏီရဲ့ လက် အောက် ဝန်ထမ်းပါ..
ဖေဖေက ပထမ အိမ်ထောင်နဲ့ အိမ်ထောင်ရေး အဆင်မပြေခဲ့ဖူး.. ဒီတော့ အလုပ်ချည်း ဖိလုပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက် အကြိုက်တူ ဝါသနာတူ နားလည်မှူ ရှိတဲ့ မေမေ့ကို အလုပ်တွဲ လုပ်ရင်း သံယောဇဉ် ရှိသွားတယ်...
ဖေဖေက အတတ်နိုင်ဆုံး ထိန်းထားတဲ့ ကြားက မေမေနဲ့ အလုပ်ကိစ္စ တခုကြောင့်
ခရီး အတူထွက်ရင်း မှားမိခဲ့ကြတယ်...မေမေကလဲ သူ့ ကြောင့် ဖေဖေ့ အိမ်ထောင်ရေး ပြသနာဖြစ်မှာ စိုးပြီး သူ့ မိုက်ပြစ်အတွက် အလုပ်က ထွက်ပြီး နယ် မှာ ပုန်းနေခဲ့တယ်...
ဖေဖေက မေမေထွက်သွားတော့မှ သူ မေမေ့ကို အဆုံးရှူံး မခံ နိုင်ဖြစ်ကာ တမှိုင်မှိုင် တတွေတွေ ဖြစ်ပြီး မေမေ့ ကို အမြဲ ရှာနေခဲ့မိတယ်..
ဖေဖေရဲ့ ပထမဇနီးက ဖေဖေ မိန်းမတစ်ယောက်ကို အသဲအသန် ရှာ နေတဲ့ ကိစ္စ ကို အမှတ်မထင် သိသွားခဲ့တယ်...
ပထမဇနီးက ဖေဖေနဲ့ မေမေအေကြာင်း သိသွား ခဲ့ ပြီး သူ ဖေဖေ့ကို လုံးဝ ခွင့်မလွှတ် နိုင်ခဲ့ဖူး...
ဖေဖေနဲ့ စာချုပ်ပေါ်မှာ လက်မှတ်မထိုးဖြစ် သေးတာကလွဲရင် သူဟာ ဖေဖေ့ကို ဖွားဖွားအိမ်ပြန် နေခိုင်းခဲ့တယ်..
ဖေဖေဟာ မေမေ ကိုယ်ဝန်ကြီးနဲ့ ဒုက္ခ ရောက်နေတာကို သိသွား ခဲ့ပြီး ဖွားဖွားကို မေမေ့ကို စောင့်ရှောက်ဖို့ အတင်း တောင်းဆိုခဲ့တယ်..
ဖွားဖွားက သား စိတ်ဆင်းရဲ နေတာကို မကြည့်ရက်တာမို့ သူ့မြေးပါ ရှိနေပြီဆိုတဲ့ မေမေ့ကို မကြည်ဖြူပေမယ့် ဖေဖေ့ကို ခွင့်ပြုပေးခဲ့တယ်..
BẠN ĐANG ĐỌC
ကာရန်မညီသော ချစ်ခြင်း Completed
Lãng mạn" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...