ည မနက် ဆေးရုံ ရောက်တော့ သူ့အချစ်ကို အသိအမှတ်မပြုတဲ့ ည ကို စိတ်ဆိုးသွားသည်ထင်
ရှင်း ဘာမှ မပို့ထားပေ။အရင်လို စာ လဲ မရောက်လာတော့ တနေကုန် အလုပ်လုပ်ရင်း စိတ်က ရှင်း အကြောင်း မကြာမကြာ တွေးမိလိုက်နဲ့ ည လဲ ညကို ည နားမလည် နိုင်တော့ပါ။
အပြန် ဆေးရုံဂိတ်ရှေ့ ရောက်တော့ ရှပ်အကျီအဖြူသန့်သန့် နှင့် စတိုင်ပန် အနက် ဝတ်ထားသော ရှင်း က ကားအဖြူတစီးဘေးမှာ ရပ်နေတယ်။
မျှော်လင့်မထားပဲ ရှင်းကို တွေ့လိုက်ရ တော့ ည ရင်ထဲ ဒိန်းခနဲ။ရှင်း ည ကို လာစောင့်တယ် ထင်ကာ စိတ်ထဲလဲ ရှက်သလိုလို ကြည်နူးသလိုလိုနဲ့ အနေရခက်နေမိကာ ခြေလှမ်းတွေတောင် အယောင်ယောင်အမှားမှား။
ရှင်းသည် ည ကို တချက်ပဲခပ်တည်တည် ကြည့်ပြီး သူ့နဲ့ ခြေလှမ်း ငါးလှမ်းအကွာလောက် ရောက်တဲ့အထိ ပြန်မကြည့် တော့။
"ဟဲ့ ငဆိုးမ နင်ပြော တော့ ထွက်လာနေပြီဆို...
နင် မနေ့ကလဲ ငါ့ဆီ ငိုသံပါကြီးနဲ့ဆက်ပြီး ဘာလဲ မေးတော့လဲ မဖြေ နင် ဘာဇယားတွေ ထပ်ရှူပ်နေပြီလဲဟာ...
ငါလဲ နင့်ကို စိတ်ချရပြီထင်နေတာ.. နင် ဘာတွေ ထပ်လုပ်နေပြန်ပြီလဲ... နင် ငါ့ကို ဘာမဆို အကုန်ပြောလို့ရတယ် ပြောထားတယ် လေ..
နင် တံတိုင်း ကို ပြန်မပြောရဖူးဆိုတဲ့ အကြောင်းက ဘာအကြောင်းမို့လို့လဲ..နင် ဘာမှလဲ ထပ် မပြောဖူး..
ငါ ဒီနေ့ သင်တန်းက စောစော ပြီးလို့ နင့်ဆီလာနိုင်တာ.. ငါည တချိန် online အတန်းသင်ရဦးမယ်.."။
ည သည် 'ရှင်း' ပြောနေတာ အကုန် ကြားလိုက်ရတဲ့အခါ ည စိတ်ထင့်သွားမိတယ်။
ရှင်းရဲ့ ငဆိုးမဆိုတာ ညကို မနေ့ညက လာရင်ဖွင့်သည့် မိန်းကလေးလား... ဘုရား ဘုရား သူမက ဒီဆေးရုံကလား ဘယ်သူပါလိမ့်..
နောက် တံတိုင်းဆိုတဲ့နာမည်ပါ ပါလာတော့ သေချာနေပြီထင်ပါတယ်။
ရှင်း၊ ငဆိုးမလေးနှင့် တံတိုင်းတို့သည် အရမ်းချစ်ကြသော အချစ်ဆုံး ငယ်သူငယ်ချင်းများ။
YOU ARE READING
ကာရန်မညီသော ချစ်ခြင်း Completed
Romance" Intro" လူ့ဘဝဆိုတာ တိုတိုလေးမို့ အသက်ရှင်စဉ်အချိန်ခဏလေးမှာ ဘယ်သူ့ကိုမှ အမုန်းမပါ ချစ်ခြင်းတွေဖြင့်သာ နွေးထွေးစွာဆက်ဆံချင်တယ်။ အများအတွက် လုပ်ပေးနိုင်သလောက် ပရဟိတလုပ်ငန်းတွေ လုပ်မယ်။ပျော်အောင်နေမယ်။ဝါသနာပါတဲ့အလုပ်လေးတွေ လုပ်မယ်ဆိုတဲ့ မိုးညဆိုသည့် ကျ...