part - 11

233 6 0
                                    

(စာဖတ်သူတွေကို ပေးချင်တဲ့ မက်ဆေ့လေးတွေကို စေတနာအပြည့်နဲ့ ရေးတာမှာ အရေးအသား လိုအပ်ချက်နှင့် အမှား ပါ ခဲ့ရင်လဲ ခွင့် လွှတ်ပေးပါနော်)

*******

မိုးမှာ အခုတလော ဆေးရုံရောက်တိုင်း ဘာများရောက်နေမလဲ လမ်းမှာ စဉ်းစားနေမိသည့် ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာက တမျိုး၊ မိုး အကြောင်း လိုက်စုံစမ်းနေသည့် သူ နှင့် လက် ဆောင် ပို့ပေးနေသူမှာ အတူတူလား၊ မတူဖူးလားလဲ မသိကာ စဉ်းစားရကြပ် နေမိသည်။

လက်ဆောင် က တော့ နေ့တိုင်း မပို့ပေမယ့် ၂ရက်ခြားတခါ ဖြစ်လိုက်နဲ့ ပုံမှန်‌ ပို့တာတော့မဟုတ်ပါဖူး။

မက်ဆေ့က တော့ တနေ့တခါလောက်တော့ အနဲဆုံး ရောက်လာတတ်သည်။

အခုလဲ ဆေးရုံ ဆီ လမ်းလျှောက်နေတုန်း ဖုန်းမြည်လာလို့ ကြည့်လိုက်မိရာ နံပတ်စိမ်းဖြစ်နေသည်မို့ ဆွေးနွေးမည့် လူနာအသစ်လားဟု တွေးမိကာ

"ဟလို..."

" ဒီနေ့ ဘာ ပစ္စည်းလေး ရောက်မလဲ သိချင်လား..."

"ဒီမှာ ရှင် ဘယ်သူလဲ... မိုး ကို ဒီလိုတွေ ပို့နေမယ့်အစား ကုသိုလ်ကောင်းမှူ တခုခုလုပ်လိုက်ပါ့လားရှင်..
ရှင် အလုပ်အကိုင် မရှိလို့များမိုးကို စိတ် အနှောင့်အယှက်‌ ပေးနေတာလား.."

"အဲ့ဆို ည လုပ်နေတဲ့ အလှူထဲ ကုသိုလ်ပါဝင်မယ်လေ... ည ကျတော့်အကြောင်းကို နေ့တိုင်း တွေးနေစေချင်မိလို့ ဒီလိုတွေ လုပ်နေရတာ.. ကျတော်လဲ အား‌တဲ့သူ မဟုတ်ပါဖူး..."။

အို သူက ည လို့ ဘာလို့ ခေါ်တာပါလိမ့်။ အများအားဖြင့် အားလုံးက မိုး ဟုခေါ်ကြတာမို့ ည သူများတွေနှင့် စကားပြောလျှင်သာ မိုးက ဟု ပြောတတ်ပြီး ‌ ဆွေမျိုးများနှင့် ငယ်သူငယ်ချင်းအချို့ လောက်ကိုသာ ည ဟု သုံးတာပါ။
'စဉ်းစားစမ်း.. ည ဒီအသံကို တနေရာမှာများ ကြားဖူးလား..' ။

ည သူ့ကို ပြန်မဖြေသေးပဲ သူ့အသံကို စဉ်းစားအဖြေရှာနေမိပေမယ့် အသံက တမင်လုပ်ပြောတာ ကြောင့်လား မူရင်း အသံပဲ လားတော့ မသိ အတော် တိုးပြီး ကြားရုံလေးပင်။

ပြောနေတဲ့ အသံက တိုးတယ် ဆိုပေမယ့် သူ့ရဲ့ပြောဟန်မှာ ရင်ထဲကအသံပါနေသလိုမျိုး ည ကို ခံစားရစေပြီး ည အနဲငယ်တော့ စိတ်လှူပ်ရှားနေမိပါသည်။

ကာရန်မညီသော ချစ်ခြင်း CompletedDonde viven las historias. Descúbrelo ahora