~1~

7.9K 279 5
                                    

My Baby Boo

သာယာလှပတဲ့မနက်ခင်းလေးတစ်ခုရဲ့အစ..
ကျေးငှက်သံ‌တို့က တကျီကျီနှင့် မြည်ကျွေးနေကြပေမယ့် အဖြူရောင်အခန်းလေးအတွင်းက ကလေးငယ်လေးကတော့ အိမ်မက်ကမ္ဘာကြီးထဲပျော်မွေ့နေလေတုန်း။

ကျွီ~

တံခါးဖွင့်သံတိုးတိုးလေးနှင့်အတူ ထို အခန်း‌လေးအတွင်းထဲ ၀င်လာတဲ့ အသက်အရွယ်အလတ်ပိုင်း မိန်းမ‌တစ်ယောက်ကဖက်လုံးလေးကိုဖက်ပြီး ဘေးတစ်စောင်းလေးအိပ်ထားလို့ နှုတ်ခမ်းလေးဆူနေတဲ့ကလေးလေးအား ကြည့်ရင်း လှပစွာပြုံးလိုက်သည်။
ထို့နောက် လုံးလုံးလေးဖြစ်နေတဲ့ ဖင်လေးကို ခပ်ဖွဖွလေးပုပ်ရင်း....

"ထယ်လေးရေ ထတော့ မား breakfastပြင်ထားပြီ"
လို့ဆိုကာနိုးသည်။

သို့ပေမယ့် ကလေးပေါက်လေးက မထသည့်အပြင် တုပ်တုပ်ပင်မလုပ်ပါ။ထို့ကြောင့် ထိုမိန်းမကြီးမှာ အသဲတယားယားဖြစ်နေသည်။

"အာရီးဂူး ပေတူးလေး ထပါတော့ဆို"

"ဝါးးး မားကယည်း ထယ်အိပ်နေတုန်းပါချို "

နောက်ဆုံးမှာတော့ မျက်စိလေး မဖွင့်တဖွင့်ဖြင့် ကလေးပေါက်လေးရဲ့အသံဆာဆာလေးထွက်လာတော့သည်။
မားကလေ ထယ်ထယ်ပိစိလေးပဲ ဆက်အိပ်မလို့ပါဆို။

"မားထယ်လေးရယ် ထသေးဘူးလား မားအကြောင်းသိတယ်နော် ထယ်"

အိပ်ပုတ်လေးကမနိုးလျှင် လုံးလုံးလေးဖြစ်နေတဲ့ ဖင်လုံးလေးကို ခပ်ဆတ်ဆတ်ရိုက်ကာနိုးခြင်းပင်။ဒါကိုသူလေးကြောက်သည်ထင်ပါရဲ့၊ချက်ချင်းပင် ထထိုင်လာကာ လက်ကို ဆန့်တန်းရင်း ပွေ့ခိုင်းသည်။
မျက်နှာလေးမှာတော့ ရွှေစိတ်တော်ကောက်ထားသည့်အလား ဆူပုပ်ပုပ်လေးဖြင့်..။

"အားရီးဂူး အပျင်းလေး ထယ်ထယ်ပါလား မွ"

လက်ဆန့်ချီခိုင်းနေတဲ့ အပျင်းတစ်လေးကို မျက်နှာသစ်၊သွားတိုက် အစစအရာရာအကုန်လုပ်ပေးလိုက်တော့သည်။
.
.
.
.
.
"ပါးပါး မေားနင်း"

မားမားလက်ထဲကနေပြေးဆင်းကာ လုံးလုံးလေးက ထမင်းစားပွဲဝိုင်းရှေ့မထိုင်မီ ပါးပါးအား မွေးမွေးပေးလေသည်။

My Baby BooWhere stories live. Discover now