~22~

1.4K 109 3
                                    

M.B.B

toiletထဲBooနာမည်ညည်းကာ ဖြေလျှော့လို့အပြီး မောပမ်း‌နေသောကြောင့် ခဏနားကာ ထွက်လာခဲ့တော့ ကုတင်ပေါ်ကနေ  ထိုင်ကာ ပြူးပြူးလေးကြည့်နေတဲ့ Boo။

ဒီကလေးကို ဘယ်လိုရှင်းပြရပါ့..

"ကိုကိုက ဘာလို့ toiletထဲ ပြေးသွားတာလဲဟင်"

"ဟို...အဲ့တာကလေ ဟို"

"ဧကန္တ....."

Booကစဉ်းစားနေပုံရသောကြောင့် သူလန့်မိသွားသည်။.. ဒီကလေးသိတော့ မသိလောက်သေးဘူးမလား..။

"အီးအီးပါချင်လို့လား.."

ထိုစကား‌ကြောင့် သူ့မှာရယ်ရခက် ငိုရခက်..
ဒီအင်နိုစန့် baby booလေးနဲ့တော့လေ..
ဘယ်တတ်နိုင်မလဲ..သူထင်သလိုပဲ ပြောလိုက်ရတော့မှာပေါ့..။

"အွန်း"

"အာ ခိခိ ဟဟ ခိခိ "

သူပြောသည်ကို အားရပါးရ ရယ်ချလိုက်တဲ့Booကြောင့် လူက ပိုရယ်ချင်သွားသည်။ဘာပဲဖြစ်ဖြစ်.တော်သေး လိမ်လိုက်တာကို သူလေး ယုံသွားလို့။

"ရယ်တယ်ပေါ့?"

"အွန်းလေ ရယ်ချင်စရာကြီးကို ဟားဟ အာ့..ကိုကို!! နာတယ်ဗျ"

ကိုယ်ရိုက်လိုက်သည်က ကုတင်ပေါ်တွင် ကိတ်ပါတယ်ဆိုတဲ့ ဖင်လုံးလေးကို ထောင်နေအောင် ရယ်နေသောကြောင့်ပင်...။

"ဟားဟား ..ဟားဟား "

"အကျင့်ပုတ်ကြီး သူများဖင်ကို ရိုက်ပြီး အော်ရယ်နေတယ်"

"ဟားဟား ဟ ဟားဟား "

"စိတ်တိုလိုက်တာ အား!"

အရယ်မတိတ်သေးသော ကိုကိုမျက်နှာရူးကြီးအား ကြည့်ကာ ထယ်ထယ့်မှာ ဒေါပွနေသည်။..စိတ်တိုတိုဖြင့် ဘေးဘီနားရှိတဲ့ ခေါင်းအုံးကြီးကိုသာ ယူပြီး ကိုကို့ထံပစ်ပေါက်လိုက်တော့ မျက်နှာတည့်တည့်မှန်ပါလေရော..။
ဒီတစ်ခါရယ်ရသည်က ထယ်ထယ်လေးပင်..။

"ခိခိ ဘလာဘလာ"

ခေါင်းအုံးဖြင့် ပစ်ပေါက်ပြီး ပတ်ပြေးနေတဲ့Booမနိုင်စိန်လေးအား.. လိုက်ဖမ်းရတဲ့ ဂျောင်ဂု။

"မှီတော့မယ် ဟား"

"မှီလဲ မမှီဘူး ခိခိ"

သူ့အား မမှီသည်ကိုပင် သဘောကျနေသည့်ပုံပေါ်တဲ့Booလေးကြောင့် တမင်ဟန်ဆောင်ကာပင် အလျှော့ပေးနေခြင်း။ဒါကိုပျော်နေပုံရသောကြောင့် ကျေနပ်နေမိကာ မမှီအောင်ကြိုးစားပြေးနေရသော ဂျောင်ဂု အဖြစ်။

My Baby BooWhere stories live. Discover now