~28~

1.8K 105 21
                                    

M.B.B

"ဂျောင်ဂု ရား! တော်တော့"

"အေ့ မင်းသိလား...သူတို့ နမ်းနေကြတာ ငါ့မျက်လုံးထဲက အခုထိကို မထွက်နိုင်ဘူး"

အရက်ကိုတစ်ခွက်ပြီး တစ်ခွက်သောက်ကာ မူးရူးနေတဲ့ ဂျောင်ဂု၊ ပြီးတော့ ထိုအကြောင်းအရာကိုပဲထပ်ခါထပ်ခါပြောနေသေးသည်။

"ငါသူ့ကိုစိတ်ဆိုးချင်ပေမယ့်ကွာ အေ့ သိလား..သူ့ကို အရမ်းချစ်တယ် ကင်ထယ်ယောင်းဆိုတဲ့ Boo လေးကို အရမ်းချစ်တယ်...."

"အေးပါကွာ အေးပါ ငါသိပါတယ်"

"ဒါပေမဲ့ သူကဟိုကောင်နဲ့ နမ်းနေခဲ့တာ..."

"ဂျောင်ဂု"

"ဟင်....."

"အဲ့ပုံပြပါလား.."

"ကြည့်လိုက် ရော့ ငါ့ဖုန်းထဲမှာ"

ယွန်းဂီလဲ မသင်္ကာသောကြောင့် ထုတ်ကြည့်မိတော့ပုံက နမ်းနေတယ် ထင်ရပေမယ့် သေချာကြည့်ရင်နဲနဲဝါးထားသလိုပင်။
ယွန်းဂီလည်း မသေချာလာသောကြောင့် ကွန်ပြူတာဆီသို့ သွားကာ စမ်းသပ်မိသည်။ညနက်နေပြီဖြစ်သောကြောင့် ဂျောင်ဂုမှာတော့ အိပ်ပျော်နေ‌သော်လည်း သူ့မှာတော့ သေချာအောင်စစ်ဆေးပြီးမှ အိပ်ပျော်သွားတော့သည်။

မနက်မိုးလင်းတော့ ‌အိပ်ပုတ်ကြီးနေတဲ့ဂျောင်ဂုအား နိုးကာ သူစမ်းသပ်ထားတဲ့ပုံကိုပြတော့သည်။

"ဂျောင်ဂု ထစမ်း"

"ဟမ် ဟင် "

"ထဦး အရေးကြီးတယ်ကွ"

"‌အင်းး.."

"‌ဟေ့ကောင်ဒီကိုသေချာကြည့်ဦး ခဏ"

"ဟင်..ဘာဖြစ်နေလို့လဲ"

"ဒီမှာကြည့် သူတို့နမ်းနေခဲ့တာမဟုတ်ဘူး"

"ဟာ ယွန်းဂီ မင်းကန်းသွားတာလား နမ်းနေကြပါတယ်ဆို "

"နုံလိုက်တာ မင်းဒီနေရာမှာဆို တအားနုံ‌တာ
ပဲ ခဏ"

ဖုန်းထဲကပုံအား သေချာအနီးကပ်ချဲ့ပြီး သေချာမြင်ရအောင်လုပ်လိုက်ကာ ပြလိုက်သည်။

"ကြည့်ဒီမှာ.."

သူထပ်ကြည့်လိုက်‌တော့ ဝူမင်ဆိုသည့်ကောင်က Booရဲ့ နှုတ်ခမ်းနားအား တစ်ရှူးဖြင့်သုတ်ပေးနေရုံသာ။

My Baby BooWhere stories live. Discover now