My Baby Boo
ထယ်ထယ်လေးတို့ရဲ့ကားလေးက ဒယ်ဂူဆိုတဲ့ထယ်ထယ်တို့ရဲ့မွေးရပ်မြေကနေ ဆိုးလ်ဆိုတဲ့ မြို့ကြီးကို တရွေ့ရွေ့နဲ့ ထွက်ခွာလာခဲ့တာအခုတော့ ရောက်လုနီးပါတောင်ဖြစ်နေလေပြီ။ထယ်ထယ်လုံးလုံးလေးကတော့ တစ်လမ်းလုံး အိပ်ပုတ်လေးလုပ်ခဲ့လျက်။
"ထယ်ထယ် ရောက်ပြီ..."
"ဝါးး ရောက်ပြီယား...ဆိုးလ်ကို လာရတာခဏလေးပါလား"
အိပ်ချင်မူးတူးလေးဖြင့် လူကြီးဂိုက်ဖမ်းကာပြောနေသည့် ထယ်ထယ်လုံး။
အိပ်ပုတ်နေတာကို အချိန်ဘယ်လောက်ထိကုန်သွားမယ်မှန်း ဒီကလေးလေးက ဘယ်လိုသိမှာတဲ့လဲ။"အာရီးဂူး လူကြီးလေးလုပ်မနေနဲ့ လာပါးပါးဆီ"
လူကြီးလုပ်နေတဲ့ ထယ်ထယ်လေးကိုကားပေါ်ကနေပွေ့ချီကာ ပါးပါးတို့ရဲ့အိမ်အသစ်Paradiseလေးကိုပြတော့ မျက်လုံးလေးဝိုင်းစက်သွားကာ စိုက်ကြည့်နေသည်။
ထိုသည်ကိုကြည့်ရင်း ပါးပါးနည်းနည်းစိုးထိတ်မိသွား၏။ဒီကလေးလေးက အိမ်လေးကိုသဘောမတွေ့တာများလား?"ပါးပါး ဒါထယ်တို့နေမဲ့အိမ်လေးလား"
"ဟုတ်တာပေါ့ ထယ်ထယ်ရဲ့ ဘယ်လိုလဲ သဘောကျရဲ့လား"
"သဘောကျတယ် အရမ်းပဲ အားရီးဂူး ထယ်ထယ့်ပါးပါးကအတော်ဆုံး မွ"
ကားမောင်းလာရလို့ ညောင်းကိုက်ကာ ပင်ပန်းနေခြင်းကို ထယ်ထယ်လေးရဲ့ အနမ်းတွေက ကုစားပေးလိုက်သလိုပင်
ပါးပါးမှာအမောပင်ပြေသွားသည်။"အဟီး အိမ်လေးက ချစ်စရာလေး"
အိမ်လေးထဲတွင်ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နှင့် စိတ်လှုပ်ရှားနေတဲ့ထယ်ထယ်လေးရယ်။ထယ်ထယ်တို့ရဲ့အိမ်အသစ်ကို ထယ်ထယ်အရမ်းသဘောကျပါသည်။
ထယ်ထယ်လိုပဲ ချစ်ဖို့ကောင်းသည်မလား..။"မား ထယ်ထယ့်အခန်းကောဟင်?"
လုံးတုံးတုံးလေးကအပြေးလေးလာကာ မာမားအားလာမေးသည်ကြောင့် ထိုလုံးလုံးလေးအားပွေ့ချီကာ တစ်ချက်အနမ်းပေးလိုက်သည်။ထို့နောက်ထယ်ထယ်လေးရဲ့အခန်းလေးက အပေါ်ထပ်မှာဖြစ်တာကြောင့် မားမားက ထယ်ထယ်အားပွေ့ချီလျက် အပေါ်သို့ တက်သွားလေသည်။
YOU ARE READING
My Baby Boo
Fanfiction🍓'ချစ်တယ်'ဆိုတဲ့စကားလုံးဟာ Booတစ်ယောက်ထဲအတွက်ဖြစ်သလို 'My Baby Boo.'ဆိုတဲ့ နာမ်စားလေးသည်လည်း Booတစ်ယောက်ကိုသာ ရည်ညွှန်းသည်။🍓