M.B.B
ဘာလိုလိုနှင့် ဂျောင်ဂုရဲ့ အထက်တန်းနောက်ဆုံးနှစ်တောင် ပြီးတော့မည်ဖြစ်သလို Booလေး၏ 15နှစ်ပြည့်မွေးနေ့လည်း ရောက်တော့ပေမည်။
Boo... Booလေးနဲ့ဆက်ဆံရေးကတော့ စိတ်ဆိုးလိုက်ပြန်ချော့လိုက်ဖြင့် သာသာယာယာပင် ။နှစ်ယောက်လုံး၏ အချစ်တေဟာလည်း ပိုပိုနက်ရှိုင်းလာပါသည်။Appa?..appaနဲ့တော့ LAသွားမည့်ကိစ္စကိုပြောတိုင်း ရှောင်ထွက်လာတာကြောင့် ဘာမှထပ်မပြောတော့။သို့ပေမယ့် ပြော၍ မရ သတိတော့ထားရပေဦးမည်..။
အခုအချိန်သည် ဂျောင်ဂုရဲ့ ညအိပ်ချိန်ဖြစ်သလို မနက်ဖြန်...ကျရောက်တော့မည့် Booလေး၏ မွေးနေ့ပွဲလေးအတွက် ကြို၍ ပင် သူ့မှာ ရင်ခုန်နေရပါသည်။.
"ဟူး..."
အချိန်ကြည့်လိုက်တော့ ည10နာရီလောက်ပဲရှိသေးသောကြောင့်ထထိုက်ကာ telepathyလုပ်ရန် airplaneလေးတွေစလုပ်ပါတော့သည်။....
ဒေါက် ဒေါက်
ဟင် ...ဒါကိုကို့ airplaneသံမလား...?
အတွေးနှင့် အညီ ပြတင်းပေါက်အား လှမ်းကြည့်တော့ တွေ့လိုက်ပါပြီ..ပြတင်းပေါက်ပေါ်တင်နေသော airplaneလေးကို။
ထယ်ထယ် ပြတင်းပေါက်အား ဖွင့်လိုက်ပြီး ဘေးမှာတင်နေသောairplaneလေးကို ကောက်ယူလိုက်ကာ ကိုကို့ကိုကြည့်လိုက်တော့ ထယ်ထယ့်ကိုမှေးထောက်ရင်းတောင် ပြုံးပြီးကြည့်နေပါသေးသည်။...Airplaneကြားလေးထဲ ညှပ်ထားသော ထိုစာလေးကိုယူကြည့်လိုက်သည်
ကိုကိုရေးထားတာက..
"ကိုကို့booလေး ကို လွမ်းလွန်းလို့ အိပ်မရဘူးကွာ....."တဲ့
"အရူးကြီး"
ကိုကိုအရူးကြီးကို မျက်စောင်းသာ ပိတ်ထိုးလိုက်သည်။...တအားပိုတာပဲ ခုနလေးတင်ပဲ သူ့နဲ့နေနေတာကို။
"အာ့ အမလေး"
"ဘာဖြစ်တာလည်း ကိုကို"
"အာ့ ထိသွားပြီ.ကိုကို့ ရင်ဘတ်ကြီးကိုထိသွားတာ booမျက်စောင်းလေးက"
"တကယ်.. အရူးကြီးပဲ "
"ဟဟ booကိုချစ်လွန်းလို့ရူးတဲ့ အရူးကြီး လေ"
YOU ARE READING
My Baby Boo
Fanfiction🍓'ချစ်တယ်'ဆိုတဲ့စကားလုံးဟာ Booတစ်ယောက်ထဲအတွက်ဖြစ်သလို 'My Baby Boo.'ဆိုတဲ့ နာမ်စားလေးသည်လည်း Booတစ်ယောက်ကိုသာ ရည်ညွှန်းသည်။🍓