~8~

2K 156 5
                                    

My Baby Boo

"ဟောဟဲ ဟောဟဲဟူး....မောလိုက်တာ ကျစ် ခြေထောက်တွေကလည်း ထုံကျင်နေပြီ"

အိမ်နှင့်ကျောင်းကသိပ်မဝေးလေပေမယ့် လမ်းလျှောက်စမရှိတဲ့ထယ်ထယ်အတွက်တော့ အလွန်ကို ရှည်လျားတဲ့ခရီးတစ်ခုလိုပင်။

"ဒါ ဟို ကိုကိုစုတ်ကြောင့်!! ဟွန့် တစ်နေ့လုံး မခေါ်ပဲကိုနေဦးမယ်"

ထယ်ထယ်လည်းကိုကို့ကို မေတ္တာတွေပို့သရင်းသာဆောင့်အောင့်ပြီး ကျောင်းကြီးထဲ၀င်လာခဲ့တော့သည်။

"ဟဟ ဘာဖြစ်လာတာလည်း ထယ်ထယ်ဖြေးဖြေးလုပ်ဦး မင်းရဲ့ဘဲနှုတ်ခမ်းကြီး ငါ့ဆီပြေးထိုးနေဦးမယ်"

"အဘီနော် ဟွန့် !ငါတင်းနေတာ လာမစနဲ့!"

"ဟဟ ဟုတ်ပါပြီ အထော်ထယ်ထယ်ရယ်"

"ရားး အဘီ! ‌တော်ပြီတော်ပြီ မင်းတို့ကိုရန်တွေ့ရတာမောတယ် စတော်ဘယ်ရီပဲသောက်တော့မယ် ဟွန်း"

စတော်ဘယ်ရီနို့လေးအား ပိုက်ဖြင့်ဖောက်သောက်‌နေလိုက်သည့် ထယ်ထယ်။

ကျောင်းတက်ဖြစ်သောကြောင့် ကျောင်းသားကျောင်းသူများ အသီးသီးဟာ အတန်းကိုယ်စီသို့ ၀င်သွားကြပြီဖြစ်သည်။
ထယ်ထယ်တို့သည်လည်း အတန်းထဲကနေ ဘယ်မှမသွားဖြစ်သောကြောင့် အတန်းထဲ၌သာ။ခဏအကြာတွင် ဆရာမ၀င်လာသည်ကြောင့် နှုတ်ဆက်လိုက်ကြသည်။

"ကဲ ဒီနေ့ ကျောင်းပြောင်းလာတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ၀င်လာခဲ့သား"

ထယ်ထယ်လေးကတော့ စိတ်မ၀င်စားပါ။ခုံပေါ်တွင် လက်ထောက်ကာ မှေးတင်ပြီးပြတင်း‌ပေါက်ဘက်ကို‌‌တောင်ငေးနေလိုက်‌ သေးသည်။အဘီကတော့ မုန့်ခိုးစားလျက်။
အခန်းထဲသို့‌ ကျောင်းသားသစ်လေးသည် မရဲတရဲဖြင့် ၀င်လာလျှင် ကျောင်းသူများထံမှ တိုးတိုးတိုးတိုးဖြင့် ဝေဖန်လျက်။
ကျောင်းသားသစ်လေးသည် ဆရာမနားရောက်တော့ ဆရာမက မိတ်ဆက်လိုက်ပါဟုပြောသောကြောင့် မရဲတရဲလေးဖြင့် ထွက်လာသော အသံပိစိလေး။

"အာ-အာညော် ဒယ်ဂူကနေပြောင်းလာတဲ့ ကျောင်းသားသစ် ပတ်ဂျီမင်ပါ"

ကျောင်းသားသစ်မိတ်ဆက်လိုက်တာနဲ့ အတန်းအတွင်း ဆူညံသွားလျက်~

My Baby BooWhere stories live. Discover now