M.B.B
ထယ်ထယ်လဲ မျက်လုံးအား မိတ်ချမိတော့~
"အဲ့တာကြောင့် ပြောတာအမရဲ့ "
"အော် အဲ့လိုကိုးးး"
"ဟုတ်တယ်အမရေ...ဟမ်!! မင်းတို့ ဘာလုပ်နေကြတာလဲ!!"
ဂျောင်ဂုက အင်္ကျီတစ်ဖက်ကျွတ်နှင့်ထယ်ထယ်ပေါ် အုပ်မိုးထားသည့် ပုံစံကြောင့် အန်တီကင်မှာ လန့်ကာအော်သည်။
"မား အာညီး..။မဟုတ်ဘူးနော်"
"လက်ပူးလက်ကျပ်မိတာကို ဘာမဟုတ်တာလဲ မင်းလာစမ်း!!"
ဂျောင်ဂုကိုနားရွက်ကနေဆွဲကာ ဆိုဖာပေါ်တွင် ထိုင်ခိုင်ရင်းမားဂျွန်ပါ၀င်ထိုင်လိုက်သည်။
"ထယ်လေး သားလေးရယ် ကိုကိုနဲ့ ဘယ်လိုအခြေအနေတောင် ရောက်နေတာလဲ...မားကိုပြောပြ-"
"မားး...ခဏ-ခဏ နေပါဦး ထယ်ရှင်းပြမယ်"
ထယ်ထယ်နဲ့ကိုကိုတို့အားရပါးရရှင်းပြပြီးတဲ့အဆုံးမှာတော့ မားမားတို့ကနားလည်သွားပုံ။သက်ပြင်းတချချနှင့်...။
"ထယ်လေး အန်တီ အထင်လွဲမိတာ တောင်းပန်ပါတယ်..."
"ရပါတယ်အန်တီ.."
"အမယ်လေး...ချစ်ဖို့ကောင်းလိုက်တာ ဂျောင်ဂုနဲ့မြန်းကွာပါ့"
"မား!!"
"ဘာလဲ!!"
ဂျောင်ဂုအော်သည်ကိုပက်ခနဲပြန်အော်လေတဲ့မားဂျွန်။
"သားကချောတာကိုကွာမှာပေါ့ ထယ်နဲ့"
"အမလေး တော်ပါကွယ်...ယုန်ရုပ်နဲ့ကိုဘာချောတာလဲ"
"မား!!"
"ခိခိ ခိခိ.."
မားတို့၏ အထင်လွဲမှုကြီးဖြေရှင်းလို့အပြီးမှာတော့ ဂျောင်ဂုတို့သားအမိ၏ စနောက်မှုကိုကြည့်ကာ သဘောတကျဖြင့်တခစ်ခစ်နဲ့ရယ်နေသော ထယ်ထယ်နဲ့ ထယ်ထယ်အားကြည့်ကာပြုံးနေသော မားကင်လည်း ရှိပေသည်။
"အာ sh*t ဒီကောင် လွယ်အိတ်ကို မယူသွားဘူး"
ကျောင်းဆင်းတော့ ကောင်းကောင်းမပြန်ရသည့်အပြင် ဟိုသကောင့်သားက ကျောင်းပြေးက လွယ်အိတ်ကို မယူချင်ယူချင်နဲ့ယူ ပေးခဲ့ရသေးသည်။
ဒီအတိုင်းပစ်ထားရင်လည်းမကောင်းတာကြောင့် ယွန်းဂီလဲ ဂျောင်ဂုကျောပိုးအိတ်နဲ့ သူကျောပိုးအိတ်ကိုပါသယ်ကာ အခန်းမှထွက်မယ်အလုပ်...။
YOU ARE READING
My Baby Boo
Fanfiction🍓'ချစ်တယ်'ဆိုတဲ့စကားလုံးဟာ Booတစ်ယောက်ထဲအတွက်ဖြစ်သလို 'My Baby Boo.'ဆိုတဲ့ နာမ်စားလေးသည်လည်း Booတစ်ယောက်ကိုသာ ရည်ညွှန်းသည်။🍓