~17~

1.5K 105 0
                                    

M.B.B

မျက်လုံးနှစ်လုံးဖွင့်သည်နှင့် ရင်ခွင်ထဲဝယ် အိပ်မော‌ကျနေသော booလေးအား မြင်လိုက်ရသောကြောင့် ဂျောင်ဂု၏ မနက်ခင်းဟာ လှပနေတော့သည်။
စောင်လေးဖြင့် လုံးထွေးကာ ဖက်ထားသောသေကြောင့် ဖက်ထုပ်လုံးလေးလို ဖြစ်နေသည်မှာအူယားစရာ။
ဆံပင်ဖြူလုံးလုံးလေးက အနည်းငယ်ရှုပ်ပွနေကာ မျက်၀န်းလှလှလေးက မိတ်ကျ‌နေသောကြောင့် ကော့စင်းနေတဲ့ မျက်တောင်လှလှလေးတေကို အနီးကပ်မြင်ရပြန်ပါသည်။မနေနိုင်မထိုင်နိုင်ကာ မျက်ခွံလေးအား ဖိကပ်နမ်းလိုက်သည်။
ထို့နောက် နှာတံလှလှလေးကိုနမ်းပြီး မှဲ့နက်လေးကိုပါအစစ်နမ်းကာ နောက်ဆုံး စတော်ဘယ်ရီရောင်သန်းနေသော နှုတ်ခမ်းလေးအား ဖွဖွလေးနမ်းကာမှ လူးလွန့်လာသည်။

"အွန်းးးကိုကိုကကွာ ...အိပ်နေတာကို"

"မနက်မိုးလင်းနေပြီလေ booရဲ့"

"ဟင်းး...အင်းမ်းး ဝါးးး "

ကိုယ်က ချစ်နေရသူမို့ ထင်ပါ့...သူလေးဘာလုပ်လုပ် ကိုယ့်မျက်လုံးထဲ ချစ်ဖို့အရမ်းကောင်းနေတော့တာ။ကျွန်တော်တော့လေ ဒီအကောင်ပေါက်လေးကိုအူတွေအသဲတွေယား‌ပြီး ချစ်မ၀လိုက်တာ...။
.
.
.
.

"ရာရာ...သမီး"

အပြင်ထွက်မယ်အလုပ် ခေါ်လာသော မားကြောင့် ဆိုဖာပေါ်တွင် ထိုင်ကာ နေရာယူလိုက်သည်။

"သမီး LAကို ပြန်သွားဖို့ စိတ်ကူးမရှိဘူးလား ရာလေး"

"Oppa ...oppa က"

"သမီးoppaလည်း LAကိုပဲ သွားရမှာပါ မကြာတော့ပါဘူး သမီး"

"ဟင် တ ..တကယ်လား မား"

"ဟုတ်တာပေါ့ သမီးလေးရဲ့."

"အီး ...မား ကျေးဇူးပါ ဟင့် "

"မလိုပါဘူး သမီးရယ်...ဒါဆို လက်ခံတာလား သမီးက"

"အွန်း..ရာသွားပါ့မယ်..."

ထို့နောက်သူမ၏ သမီးလေးအား တင်းကျပ်စွာ ဖက်လိုက်သည်။
မားက သမီးအတွက် ဘာမဆိုအကုန်ဖြည့်‌ဆည်းပေးမှာမို့ သမီးလေးသာ ကောင်းကောင်းကြီးပြင်းလာပါ ရာရာလေး...။

"ဝါး မိုက်တယ် မိုက်တယ် .."

ကားပေါ်က ဆင်းလိုက်သည်နှင့် ထယ်ထယ်လေးမှာ စိတ်လှုပ်ရှားစွာလက်ခုပ်လက်ဝါး
တီးလို့ ရောက်လာသည့် နေရာကတော့ အထူးအဆန်းမဟုတ်၊ချွေးထုတ်ခန်းဆိုသည့် နေရာသာ..
Dateမယ်လို့ ပြောလိုက်တည်းက သွားချင်သည့်နေရာက ချွေးထုတ်ခန်းတဲ့လေ။
မရောက်ဖူးလို့ ဆိုလားပဲ...တကယ်မလွယ်ကြောလေး ...ကျွန့်တော့ အဖြစ်က အဆန်းဗျ...ချွေးထုတ်ခန်းမှာ Dateခြင်းတဲ့..ဟက် တမူထူးခြားတာပေါ့။

My Baby BooWhere stories live. Discover now