~14~

1.7K 132 2
                                    

My Baby Boo

"ကိုကို ‌!"

ဝူမင်ဟျောင်းကိုထိုးလိုက်တဲ့ ကိုကို့ကြောင့် ကိုကို့လက်တွေဆီမှရုန်းသော်
လည်း ကိုကိုက အလွတ်မပေးချေ။
ထိုအချိန်တွင် ကိုကို့အားကြောက်မိသလို ငိုလဲငိုချင်လာသည်။

"ကင်ထယ်ယောင်း! ငြိမ်ငြိမ်နေ"

"အင့် ဟင့်"

"တိတ်စိမ်း!!မထွက်ခဲ့နဲ့ အဲ့မျက်ရည်တွေ!!"

ကိုကိုအော်နေတာကြောင့်ငိုချင်သော်လည်း
တိတ်စမ်းဟုပြောသော ကိုကို့စကားအား နားထောင်ကာ ရှိုက်သံလေးတွေထွက်ပြီး မငိုအောင် ထိန်းထားရသည့် ထယ်ထယ်။ လက်ကိုလည်း ဖြစ်ညစ်ထားသောကြောင့် အလွန်နာနေလေပြီ။

"ခဗျား ကောင်းကောင်းသတိထား!!!"

"လာ မင်းလိုက်ခဲ့ ထယ်ယောင်း!!"

ကလေး၏ လက်ကိုဆွဲကာ ထွက်သွားသော မြင်ကွင်းအားသူလက်သီးများတင်းအောင်ဆုပ်ကာ ကြည့်နေမိသည်။သို့ပေမယ့် သူ့ဘက်လှည့်ကာ တောင်းပန်သောမျက်၀န်းများဖြင့် လှည့်ကြည့်ခဲ့သော ကလေး၏ မျက်၀န်းညိုလေးကြောင့် စိတ်ကို ဖြေလျော့ကာ ကျောင်းထဲမှ ထွက်လာခဲ့သည်။
ကလေး မင်းတောင်းပန်စရာမလိုပါဘူး။ကိုယ်က မင်းစေလိုရာကို သွားမဲ့ကောင်မို့။

"အာ့..နာနေပြီ လွတ် အာ့ "

မမြိုသိပ်နိုင်‌တော့။လက်ကောက်၀တ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရသည်က အလွန်ကိုနာသည်။ထို့ကြောင့် အော်ပြောမိလေတော့ ကျောင်း၏ပစ္စည်းထားသိုခန်းအတွင်းသို့၀င်ကာ တံခါးအားစောင့်ပိတ်လိုက်သည့် ကိုကို။

"ကိုကို!ဘာလို့ဒီကို ခေါ်လာ-"

"ဘုန်းး!!"

"အဲ့ကောင်က ဘယ်သူလဲ!!"

ဝူမင်ဟျောင်းကို စိတ်ဆိုးနေတဲ့ ကိုကို့ကို ထယ်ထယ်နားမလည်နိုင်တော့။အတွန်းခံထားရတဲ့ကျောကလဲအောင့်သက်သက်နှင့် ဆိုးတာက ကိုကို့ရဲ့ကြောက်စရာမျက်၀န်းတွေကို မြင်တွေ့နေရတာပင်။

"ဘာလို့လဲ...သူက ဒီတိုင်း မင်နီးအကိုသပ်သပ်ပဲ"

"အော..? မင်နီးအကိုဆိုတိုင်း မရင်းနှီးတဲ့ ယောကျာ်းတစ်ယောက်ကို လက်လွတ်စပယ်ထိခိုင်းတယ်ပေါ့?ဟုတ်လား!!"

My Baby BooWhere stories live. Discover now