~19~

1.4K 114 0
                                    


M.B.B

"ဟဲ့ ရိုက်လိုက်လား.."

"ရိုက်ထားတယ် နူနား.."

"ဟဲဟဲ ဆာရန်းပဲလေ.."

J၀င်နေသော Semeလေးအား တွေ့တာကြောင့် သူဂွင်ဆင်လိုက်ခြင်း။
ငါဟဲ့fujoshiမ။
ကိုယ့်အတွေးနဲ့ ကိုယ်ဂုဏ်ယူကာ နှုတ်ခမ်းအား ပြတ်ထွက်မတတ်ကိုက်နေသော ကပ်ပါးကောင်မအား မျက်ခုံးတစ်ဖက်ပင့်ပြလိုက်သည်။..

"တောက်စ်"

ကပ်ပါးကောင်မသည် တောက်စ်တချက်ခေါက်ကာ ထွက်သွားလေတော့ ဆာရန်းမှာ သဘောကျနေသည်။

"နူနားသွားကြစို့"

"အေး ဟိုနားသွားထိုင်ရအောင်.."

"ဟုတ်"
.
.
.
.
.
.
"အား စိတ်တိုလိုက်တာ အာ့"

"ဆောရီးပါ မိန်းကလေး အဆင်ပြေရဲ့လား.."

"ရပါတယ်..ဟင်....ဝူမင်oppa"

"မင်းက ကိုယ့်ကိုသိတာလား.."

"ရာရာလေ ဝူမင်oppa မသိတော့ဘူးလား.."

"အာ ခဏ..အော ကိုယ်မှတ်မိပြီ...ကျောင်းတုန်းက ကိုယ့်ကို ကူညီပေးဖူးတဲ့ ကလေးမလေး ဟုတ်တယ်မလား "

"ဟုတ်"

"အော ရုတ်တရက်ဆိုတော့ ကိုယ်မမှတ်မိလို့ပါ ဆောရီး"

"ဒါနဲ့ oppaကဘာလို့ ဒီ‌ကိုလာ...မဟုတ်မှ ထယ်ထယ်နဲ့သိတာလား"

"အွန်း"

"အာ အဲ့လိုကိုး...ဒါနဲ့ ဒီမှာ ဘာလာလုပ်နေတာလဲ ဟင် ရာနဲ့လိုက်ခဲ့ပါလား"

"ကိုယ်သိပ်အဆင်မပြေလို့ပါ.."

ပြောရင်း မျက်လုံးတွေက...အဝေးတစ်နေရာကို ငေးကြည့်နေပြီး ၀မ်းနည်းရိပ်ယောင်သန်းနေသလိုလို။ဟူး ကြည့်ရတာ ဒီတစ်ယောက်လည်း ထယ်ထယ်ကိုကြိုက်နေပုံပဲ။
သူမဒီအခွင့်အရေးကို အသုံးချရမယ် ဟုတ်တယ်။

"မဟုတ်မှလွဲရော ဝူမင်oppaထယ်ထယ်ကိုကြိုက်နေတာလား.."

သူမပြောလိုက်တော့ လှည့်ကြည့်လာတဲ့ မျက်၀န် တွေကခြောက်ခြားစွာ...

ဒီမိန်းကလေး တော်တော် အတင့်ရဲပါလား။ကိုယ်လဲ ထပ်ပြီးပတ်သက်ရင် အကျိုးပေးမဲ့ကိန်းမရှိတာကြောင့် လှည့်ထွက်ဖို့လုပ်ရသည်။

My Baby BooDonde viven las historias. Descúbrelo ahora