My Baby Boo
ဂျောင်ဂုရေမိုးချိုးပြီး pajamas၀တ်ပြီးတဲ့အထိသူ့အခန်း၏ ပြတင်းပေါက်ကနေ တစ်ဆင့်လှမ်းမြင်နေရတဲ့ အခန်းလေး၏ မီးရောင်လေးသည် ပွင့်နေတုန်း။
ဘာရယ်မဟုတ် ထိုသည်ကိုကြည့်ရင်း ညနေခင်းလေး၏ ကြည်နူးဖွယ်ရာ အဖြစ်အပျက်ဆီသို့။စက်ဘီးစီးရင်း ထယ်ထယ်နှင့် အတူပြန်လာချိန်တွင်လည်း စကားမပီတပီဖြင့် သာလိကာလေးလို ပေါက်ပေါက်ဖောက်နေသော အကောင်ပေါက်လေးထယ်ထယ်၏ ပြောသမျှကို သဘောကျစွာ ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် နားထောင်ခဲ့ပါသည်။နားလည်တာ နားမလည်တာက တစ်ပိုင်း၊လောလောဆယ် အရေးကြီးတာက ဒီအကောင်ပေါက်လေးစိတ်ချမ်းသာဖို့သာ။
ကျွီ~
ထယ်ထယ် အိမ်နားရောက်တော့ စက်ဘီးလေးရပ်ကာ ထယ်ထယ်ကိုပွေ့ပြီး ဆင်းပေးလိုက်သည်။ထို့နောက် အသဲယားစွာခေါင်းကို ခပ်ဖွဖွပွတ်ပေးလေတော့ အကောင်ပေါက်လေးကအစဉ်အလာမပြတ် ဆံပင်ကိုပြန်ပြင်နေလေ၏။
"ကဲ ထယ်လေး ကိုကိုသွားတော့မယ်နော်"
"ဟုတ်ကဲ့"
boxy smileလေးဖြင့်ပြုံးပြနေသော အကောင်ပေါက်လေးကို သူပါbunny smileလေးပေါ်အောင်ပြုံးပြလိုက်ပြီး
လှည့်အထွက် ခေါ်လာတဲ့ အသံလေးက တိုးတိုးလေးနှင့် ကိုကိုတဲ့။လှည့်ကြည့်လိုက်တော့ ခေါင်းလေးငုံပြီးအင်္ကျီအစလေးကို ချေနေတဲ့အကောင်ပေါက်ရယ်။ဘာများပြောချင်လို့ပါလိမ့်ဆိုသည့် အတွေးနှင့် အကောင်ပေါက်နားသွားလိုက်တော့ ရင်ဘတ်က အင်္ကျီစကို မမှီတမီလှမ်းဆွဲကာ ပါးအားမွခနနမ်းသွားသည်။ဂျောင်ဂုမှာတော့ ရုတ်တရက် ပြုမုလိုက်တဲ့ အပြုအမူကြောင့် ဘာမျှပင်မလုပ်နိုင်တော့ ဒီအတိုင်းတောင့်တောင့်ကြီးကျန်ထားလျက်။သတိ၀င်လာချိန်မှာတော့ ထယ်ထယ်တောင်သူ့အနားမှာမရှိခဲ့တော့ချေ။သူ့အတွေးနှင့်သူသဘောကျကာပြုံးနေရင်း ပါးကိုကိုင်ကာ ဒီအတိုင်းကြီးရပ်နေပြန်တဲ့ ဂျောင်ဂုတစ်ယောက် သူကိုယ်တိုင်တောင် ထပ်ပြီးကျောက်ရုပ်ကြီးဖြစ်သွားမှန်းမသိရှာပေ။
တစ်ဖက်တွင်လည်း ကလေးပေါက်စလေးသည် သူ၏ ကိုကိုအကြောင်းကိုတွေးကာ အိပ်စက်ခြင်းဆီသို့။ဒီနေ့တွင်လည်း သူတို့နှစ်ဦးစလုံး၏ အိမ်မက်တွေသည် လှပနေမှာ မလွဲဧကန်ပင်။
.
YOU ARE READING
My Baby Boo
Fanfiction🍓'ချစ်တယ်'ဆိုတဲ့စကားလုံးဟာ Booတစ်ယောက်ထဲအတွက်ဖြစ်သလို 'My Baby Boo.'ဆိုတဲ့ နာမ်စားလေးသည်လည်း Booတစ်ယောက်ကိုသာ ရည်ညွှန်းသည်။🍓