~5~

2.4K 177 11
                                    

My Baby Boo

ထယ်ထယ်နဲ့အတူ စက်ဘီးလေးစီးရင်း လာခဲ့သည့်နေရာက Dreamပန်းခြံဖြစ်လေသည်။Publicဆိုပေမဲ့လူလည်း အရမ်းမများလွန်းပါ။ထိုသို့ဖြစ်ရခြင်းကလည်း ပန်းခြံအသေးစားလေးဖြစ်နေတာကြောင့်ပင်။လူအနည်းငယ်နှင့် ကလေးတစ်ချို့သည်သာလျှင်ရှိသည်။

အထင်ကရပန်းခြံတွေထက် ဂျောင်ဂုဤပန်းခြံလေးကိုသာလျှင် ပို၍နှစ်သက်ပါသည်။အိမ်နှင့်လည်းသိပ်မဝေးသောကြောင့် အရှုပ်ထုတ်မလေး ရာရာနှင့်အတူ မကြာခဏလာဖြစ်သည်။အခုတော့ သူမပါဘဲ ထယ်လေးတစ်ယောက်တည်းနှင့် အတူလာခြင်း။
အကြောင်းကား ထယ်လေးအတွက် သာလျှင် အချိန်သီးသန့်ပေးချင်သည်ကြောင့်ပင်။

စက်ဘီးလေးကို ထောင့်နားတစ်နေရာမှာရပ်လိုက်ပြီး ထယ်လေးကိုပါပွေ့ပြီးဆင်းပေးလိုက်သည်။ပြီးမှ သူ့လက်ကိုတွဲထားရန် သေချာမှာလိုက်သည်။အကောင်ပေါက်လေးက ချစ်စရာလေးမို့ သူ့မျက်စိရှေ့ ပျောက်သွားမည့်အရေးကို ဂျောင်ဂုသဘောမကျပါ။

ပန်းခြံသို့ ကောင်လေးတစ်ယောက်ရဲ့ လက်ကိုတင်းနေတဲ့တွဲထားတဲ့ လက်ဖောင်းဖောင်းပိစိလေးရဲ့ပိုင်ရှင်ထယ်ထယ်တို့နှစ်ယောက် ပန်းခြံအတွင်းသို့ ပျော်ရွှင်စွာ၀င်သွားသော viewလေးမှာ အလွန်ချစ်စရာကောင်းလွန်းနေပါလိမ့်မည်။

ကစားကွင်းအသေးလေးနားရောက်လျှင် ထယ်ထယ်ဟာ စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးလှလှ‌လေးတွေမှာ အရောင်တောက်ပစွာ။
တစ်လမ်းလုံးလည်း သဘောကျသော ရီသံတခိခိလေးများဖြင့် လိုက်ပါလာသည်မှာယခုအထိပင်။

"ထယ်ထယ်"

"ဂျာ"

"သွားဆော့ကြမယ် Let's go.."

"ရေးးးး"

ထိုသို့ဖြင့်လေးနှစ်သားပေါက်စလေးနှင့် ဆယ်နှစ်အရွယ်ကောင်လေးတို့က အပေးအယူမျှတစွာ ပျော်ပျော်ပါးပါးဆော့ကစားကြတော့သည်။

"ပျော်ရဲ့လား ထယ်"

ဗြောင်းတောက်နေအောင် ဆော့ပြီး၍ ကစားကွင်းလေးရဲ့ အနီးနားရှိ ခုံတန်းလေး၌ အနားယူနေချိန်တွင်  ဂျောင်ဂုမှ ထယ်ထယ်မျောက်လောင်းလေးအားမေးခြင်း။

My Baby BooDonde viven las historias. Descúbrelo ahora