~12~

1.7K 133 2
                                    

My Baby Boo

ဂျောင်ဂု မုန့်စားချိန်တွင် ကန်တင်းဘက်သို့ ယွန်းဂီနှင့်အတူထွက်လာခဲ့သည်။
ထိုင်နေကြစားပွဲ၀ိုင်း‌လေးတွင် ထိုင်ကာ booလေးအကြောင်းစဉ်းစားမိသည်။
တဖြေးဖြေးနဲ့booလေးက အသက်ကြီးလာလေလေလှလေဖြစ်သည်။ဒါ့အပြင် သူလေးကိုသဘောကျနေကြတဲ့သူတွေဆိုလည်း အများကြီးမို့ သူများနောက်ပါသွားမှာဂျောင်ဂုစိုးသည်။

"ယွန်းဂီ"

"ဟင် "

"ငါ booလေးကို ဖွင့်ပြောသင့်ပြီလား"

"မသိဘူးလေ မင်းသဘောပေါ့ကွ"

"Oppa!"

အသံကြားလို့ ဂျောင်ဂုနှင့်ယွန်းဂီ နှစ်ယောက် ပြိုင်တူကြည့်လိုက်ကြတော့ ရာရာက ကျွန်တော်တို့ဝိုင်းကိုလာနေသည်။

"ဟီး oppa ရာရာထိုင်လို့ရတယ်မလား"

ဂျောင်ဂုလဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
ကန်တင်းထဲကလူတွေကတော့ ဂျောင်ဂုတို့ကို တကြည့်ကြည့်နှင့်။

"ဒါနဲ့ ရာရာ အဆင်ပြေရဲ့လား ကျောင်းတက်ရတာ"

တစ်ချိန်က ညီမလေးလိုချစ်ခဲ့တဲ့သူမို့အလိုက်သင့်မေးလိုက်သည်။

"ဟုတ် oppa"

"ဘာစားမလဲ မှာလိုက်လေ"

"ဟုတ်ကဲ့ဒါဆိုသွားမှာဦးမယ်"

"အင်း"

ပြောရင်းဆိုရင်း ရာရာကတော့ မုန့်သွားမှာနေသည်။

"အန်တီ စတော်ဘယ်ရီကိတ်တစ်လုံး"

"အယ် မရှိတော့ဘူး သမီးရဲ့ ဒီကလူလေးမှာထားပြီ"

"ဟင်"

"ရပါတယ်အန်တီ ဒီကအမကိုပဲ ပေးလိုက်ပါ"

သူမလှည့်ကြည့်လိုက်လျှင် သူမအမုန်းဆုံးလူသား ကင်ထယ်ယောင်းကို မြင်ရပြန်ပါသည်။သို့‌သော်အရင်လိုသူမက‌လေးဆန်မနေဘဲ မျက်နှာကိုပြန်ထိန်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။

"အာညော်"

ထယ်မတွေ့ချင်ပါဘူးဆိုတဲ့ သူနဲ့မှထိပ်တိုက်လာတိုးသဖြင့် မနေတတ်စွာထွက်မယ်အလုပ် မိတ်ဆက်ခဲ့သော ရာရာမမကြောင့်  မမိတ်ဆက်ရင်လည်းမကောင်း၊ထို့ကြောင့် ထယ်ထယ် ယဉ်ကျေးစွာပင်ပြန်နှုတ်ဆက်လိုက်သည်။

My Baby BooWhere stories live. Discover now