~25~

1.7K 106 2
                                    

M.B.B

"ထယ်ထယ် မင်း ဒီနေ့မျက်နှာလဲမကောင်းပါလား"

အတန်းဆင်းတော့ ကျောင်းအပြင်ဘက်ကို လမ်းလျှောက်နေကြရင်း ...ဘီဘီတို့ကမေးသည်။

"ဟုတ်တယ် အတန်းမှာတုန်းကလဲ မင်းငိုင်နေတာ"

"ဒီတိုင်းပါပဲကွာ စိတ်ညစ်စရာလေး နဲနဲရှိနေလို့"

"မင်းကိုကိုကြောင့်များလား...သူပြန်လာပြီလို့ မင်းပြောခဲ့တယ်နော် ဒါဆို မင်းကသူ့ကိုခွင့်လွှတ်လိုက်ပြီလား"

"ခွင့်မလွှတ်သေးပါဘူး "

"ကလေးတို့"

"ဟာ ကိုကိုလာပြီ "

"ဒီနေ့လည်း နောက်မကျသွားပါဘူးနော်‌ မင်နီး"

"နောက်မကျပါဘူးနော်..ကိုကိုလဲလေအလုပ်တွေလဲအားတာမဟုတ်ဘဲ လာလာကြိုနေတယ်"

"ဟျောင်းကစိတ်မချလို့ပေါ့.."

"ဟီး ဟုတ်ကဲ့.. ထယ်ထယ် လာ သွားကြရအောင်"

ဟျောင်းပြန်လာတဲ့နေ့ကစပြီး အမြဲအကြိုအပို့လုပ်တတ်သောကြောင့် မင်နီးကခေါ်ခြင်းပင်။

"Boo!!"

ထယ်ထယ်တက်မလို့ပဲရှိသေး ကြားလိုက်ရတဲ့အသံကြောင့် လှည့်ကြည့်မိတော့ ပြုန်းစားကြီးထယ့်ဆီလမ်းလျှောက်လာတဲ့ ကိုကို့ကိုတွေ့လိုက်ရသည်။
မထင်မှတ်ထားသော အ‌ခြေအနေကြောင့် ထယ်ထယ်မှာ ပြူးပြူးလေးနှင့် ကြောင်ကြောင်လေးရပ်နေရှာသည်။

"ဘာလာလုပ်တာလဲ ခင်ဗျားကြီး!"

အသံစွာစွာလေးထွက်လာတဲ့ထယ်ထယ်က အခုမှသတိ၀င်ပုံ..ဂျောင်ဂုကိုရန်တွေ့နေသည်မှာ ကလေးပေါက်စလေးဒေါပွနေတဲ့အတိုင်း..။

"လာကြိုတာလေ"

"အော်ဟော တွေ့ကြပြန်ပြီ "

အသံလာရာကို လှည့်ကြည့်မိတော့ ဟိုကောင်ဝူမင်။ဒီကောင် ဒီအတောအတွင်း Booနားမှာနေလို့၀ရောပေါ့၊လက်ကလဲ Booရဲ့ ပုခုံးပေါ်တင်ထားသေး ဟက်ဂျွန်ဂျောင်ဂုကိုလာစမ်းနေတာပဲ။

"တွေ့ရတာ၀မ်းသာပါတယ် ဝူမင် "

"ကိုယ်ကောပါပဲ ဂျောင်ဂု"

My Baby BooWhere stories live. Discover now