M.B.B
"အာ့ ကျွတ်ကျွတ် ခေါင်းမူးလိုက်တာ"
"အင်း ဟင်... ငါဘယ်လိုလုပ်"
ပြောရင်း တစ်စတစ်စနဲ့အာရုံထဲပေါ်လာသော မနေ့ကအကြောင်းအရာများ။
"အား! သွားပြီ ဝိုင်2ခွက်လေးနဲ့ မူးရလား? အရှက်တွေတော့ကွဲပါပြီ ထယ်ထယ်ရယ်"
ဒေါက် ဒေါက် ဒေါက်
"၀င်ခဲ့ပါ "
"ထယ်လေး သံပုရာရေသောက်လိုက်ပါဦး"
"မား"
"အွန်း မားသိပြီးသားပါ ထယ်လေးလည်း တခါတလေသွားချင်မှာပဲ ဝူမင်လေးလဲ ပါတော့ စိတ်ချရတာပေါ့"
"အာ ဟုတ်မား ဟီး"
"ကဲ ခေါင်းတေမူးနေတယ်မလား ဝိုင်2ခွက်လေးနဲ့ မူးခဲ့တယ်ဆို"
"အာ ဟီး ထယ်က မသောက်ဖူးလို့ပါ မားရဲ့"
"အချွဲလေး ဒါသောက်ပြီးတာနဲ့ မျက်နှာသစ်တော့ "
"ဟုတ်ကဲ့ပါ မား"
"ဒါဆို မားသွားတော့မယ်နော်"
"ဟုတ်ကဲ့"
မားထွက်သွားသည်နှင့် မားဖျော်ပေးထားတဲ့ သံပုရာရည်လေးအား သောက်ကာ မျက်နှာသစ် သန့်စင်လိုက်သည်။
ပြီးမှ အောက်ထပ်ကိုဆင်းလာကာ မားအား နှုတ်ဆက်ပြီး ကင်မရာတစ်လုံးနှင့် ကားဂိတ်သို့......Daegu..
Daegu ကိုလည်း universityပိတ်ရက်တိုင်း tannieလေးနဲ့ သွားဖြစ်သည်။
Daeguကိုသွားတိုင်းလည်းcamera
တစ်လုံးယူယူသွားတတ်သည်။
အွန်း လျှောက်လည်ပြီး မြင်ကွင်းလှလှလေးတေကို သိမ်းဖို့ပေါ့။..တွေးရင်း Bus ကားဂိတ်တောင်ရောက်လာပြီ။
Busကားပေါ်တက်ကာ ကဒ်ထည့်ပြီး ပြတင်းပေါက်နား လေရတဲ့ ထောင့်နားလေးတွင် နေရာယူလိုက်ကာtannieလေးကို လွယ်ထားသည့် အိတ်အား ဘေးတွင်ချလိုက်နှင့် Busကားက စထွက်သည်။
နားကျပ်လေးအားတပ်ကာပြတင်းပေါက်ဘက်အား ကြည့်ရင်း နားထောင်လိုက်သည့် သီချင်းကား...Only Youတဲ့ ...
ငြိမ့်ငြောင်းသော သီချင်းသံနှင့်အတူ မျက်
လုံးများမှေးစင်းပြီး အတိတ်က ပျော်ရွှင်ခဲ့ရတဲ့အကြောင်းအရာများစီသို့။...
မွေးနေ့တိုင်း ကိုကိုမပါဘဲ ဖြတ်ကျော်ခဲ့ရတာ ပင်ပန်းတယ်.. ဟူး ဒီနှစ်လည်း ကိုကိုမပါဘဲဖြတ်သန်းရပြန်ဦးမှာလား?
ကိုကို့ကို လွမ်းနေပေမယ့် boo တခါတလေကျမလွမ်းရဲတော့ဘူး၊ ကိုကိုက booလွမ်းနေလဲ ပြန်လာတာမှ မဟုတ်တာ။
YOU ARE READING
My Baby Boo
Fanfiction🍓'ချစ်တယ်'ဆိုတဲ့စကားလုံးဟာ Booတစ်ယောက်ထဲအတွက်ဖြစ်သလို 'My Baby Boo.'ဆိုတဲ့ နာမ်စားလေးသည်လည်း Booတစ်ယောက်ကိုသာ ရည်ညွှန်းသည်။🍓