~26~

1.7K 100 6
                                    

M.B.B

ထယ်ထယ်စိတ်တွေအရမ်းကိုလှုပ်ရှားနေ
သည်။ပန်းခြံကနေပြန်လာတော့ ကိုကိုက အတူအိပ်ချင်သည်တဲ့လေ။
အခုလည်း မအိပ်ခင် ရေချိုးခန်းထဲ၀င်ကာ ရေချိုးနေတဲ့ကိုကိုရယ်ပါ။ ယအတူမအိပ်ရတာ ကြာသွားလို့လားမသိ၊ထယ်ထယ်အရမ်းကိုရင်ခုန်နေသည်။

"အမလေး!"

ထယ်ထယ်‌အတွေးလွန်နေတုန်း အနောက်ကနေလှမ်းဖက်တဲ့ကိုကို့ကြောင့် လန့်သွားမိတော့ သဘောတကျရယ်နေတဲ့ကိုကို။အကျင့်ပုတ်ချက်က သူများလန့်တာကိုပင်သဘောကျနေတာ။

"ဟက် လန့်သွားတာလား..?"

"လန့်တာပေါ့ သူများစဉ်းစားနေတဲ့ဟာကို"

"ဘာတွေစဉ်းစားနေရတာတုန်းဗျ"

"ဘာမှမဟုတ်တော့ပါဘူး "

အခုမှသတိထားမိသည်။ကိုကိုကတော့လေ ရှက်ပါတယ်ဆို အင်္ကျီကိုအရင်မ၀တ်ဘူး ။ဒါပေမယ့်လည်း ကြည့်ကောင်းနေသလိုပဲ ဟိဟိ..။အရင်က4packsပဲရှိတဲ့ကိုကိုက အခုဆို8packsတောင်...ထယ်ထယ့်မှာကျ ဗိုက်ပူပူလေးပဲရှိတယ်။

"Booဘာရပ်လုပ်နေတာလဲ"

ထယ်ထယ်အတွေးလွန်သွားသည်ထင် ကိုကိုတောင်အင်္ကျီ၀တ်ပြီးကာ အိပ်ယာပေါ်တွင်လှဲ‌နှင့်နေပြီ။

"လာခဲ့ကိုကို့ဆီ"

ကိုကို့အပြောကြောင့် မခံစားခဲ့ရတာကြာပြီဖြစ်တဲ့ ကိုကို့ရဲ့ရင်ခွင်ကြီးထဲကို၀င်ကာ အနွေးဓာတ်လေးအား အပြည့်အ၀ခံစားလိုက်သည်။

"နွေးနေတာပဲ ဒီလိုမျိုးမအိပ်ရတာတော်
တော်ကြာသွားပြီပဲ..."

ထယ်ထယ်ကတော့ ဒီတိုင်းပြောလိုက်ပေမယ့် စိတ်မကောင်းဖြစ်သွားရသည်က ဂျောင်ဂုပင်။

"ကိုကို အများတောင်းပန်ပါတယ်...ကလေးရယ်"

"အာ မလိုပါဘူးဆို...ထယ်ကဒီတိုင်းပဲပြောလိုက်တာပါ၊ အခုကိုကိုရှိနေပြီပဲ တောင်းပန်စရာမလိုဘူးနော် ဟုတ်ပြီလား"

စကားတတ်လွန်းတဲ့Booလေးကြောင့် ဂျောင်ဂုမှာပြုံးယောင်သန်းလာသည်။

"ဟုတ်ပါပြီဗျာ ကဲGood night. မွ."

"Good night ကိုကို"

ဒီနေ့ညလေးသည်တော့ ကိုကို၏အနွေးဓာတ်လေးနှင့်အတူ အိပ်စက်လိုက်ရ၍ သာယာသောညချမ်းလေးတစ်ခုဖြစ်သွားပါတော့သည်။
.
.
.
.
.
မနက်မိုးလင်းသည်နှင့် မျက်နှာပေါ်တွင်ခံစားရသော စိုစိုစိစိအရာကြောင့် ထယ်မှာ နိုးလာရသည်။မျက်စိဖွင့်ကာ ကြည်မိမှ tannie
လေးဖြစ်လို့နေသည်။

My Baby BooDonde viven las historias. Descúbrelo ahora