~FINAL~

3.1K 134 4
                                    

__________________________________

M.B.B(Final)

လမ်းမကြီးပေါ်တွင် တစ်ရှိန်ထိုးမောင်းနှင်နေသောကားအပြာလေးတစ်စီး။
ကားစတီယာတိုင်ပေါ် တင်ထားသော လက်‌များသည်လည်း အေးစက်လို့နေခဲ့သည်။..

စိတ်တွေလည်း အရမ်းလှုပ်ရှားနေသလို မိုင်းကုန်မောင်းနေသော ကားကိုပင် စိတ်၏ အလျင်ကြောင့် ‌နွေးကွေးသည်ဟုထင်မိသည့်အဖြစ်ပင်၊အန်တီဖုန်းဆက်လာသည်ကBoo..ကသတိရနေပြီတဲ့လေ။
ကိုကို့Boo..လေး သတိရလာပြီတဲ့၊ထိုစကားအားကြားကြားပြီးချင်း တခါတည်း ဆေးရုံသို့ မိုင်းကုန်မောင်းလာခဲ့သည်။
စိတ်တွေအရမ်းလှုပ်ရှားလွန်းလို့လည်း သေရပါတော့မည်။...

ဆေးရုံသို့ရောက်ရောက်ချင်း အလျင်အမြန်ပင် Booရဲ့ အခန်းဆီသို့ တစ်ဟုန်ထိုးပြေးမိသည်။အခန်းရှေ့ရောက်သည်နှင့် မောဟိုက်နေသော စိတ်အစုံကို ဖြေလျှော့နေရင်း တံခါးပေါက်မှ လှမ်းတွေ့လိုက်ရတဲ့ မျက်နှာလှလှလေး။သွေးကြောတွေပြောင်းပြန်စီးဆင်းနေသလို ခံစားရကာ တောင့်တောင့်ကြီးရပ်နေမိသည်။
ထိုရပ်၀န်းမှ ရုန်းမထွက်နိုင်တဲ့သူ၏ အာရုံ‌ တွေသည် လှမ်းကြည့်လာခဲ့သည့် မျက်၀န်တစ်စုံကြောင့်..လန့်သွားမိကာ မမြင်နိုင်အောင်ကာလိုက်မိသည်။

မတွေ့သွားလောက်ဘူးမလား၊ကိုယ်မင်းကိုတွေ့ချင်မိပေမယ့် ဘယ်လိုမျက်နှာမျိုးနဲ့ မင်းရှေ့ကို ထွက်လာခဲ့ရပါ့မလဲ။...
.
.
.
.

မျှော်နေခဲ့ရသော တစ်စုံတစ်ယောက်၏ အရိပ်ငယ်လေးအား တွေ့လိုက်ရပေမယ့် ချက်ချင်းပျောက်ကွယ်သွား၏။အမြင်မှန်းမှားနေတာလား?
မဟုတ်တာ သေချာပါတယ်..ကိုကိုပါ။..
တံခါးပေါက်နားကိုပဲ လှမ်းကြည့်နေမိသည်။ဘာလို့များ ထယ့်ကိုလာမ‌တွေ့ချင်ရတာပါလိမ့်။

"ဟို...မား"

"အင်း...ထယ်လေး"

"......"

မေးလိုက်ရမလား၊အာ မေးလိုက်မယ် အခုချိန်မှာ အရေးကြီးတာက ကိုကို့ကိုတွေ့ရဖို့လေ..။

"ထယ်လေး ထယ်"

"ဗျ ဗျာ.."

"အာ ဟို ကိုကို့ကိုမေးမလို့ပါ"

My Baby BooWhere stories live. Discover now