~20~

1.5K 118 10
                                    

M.B.B

ဒီနေ့.ဂျောင်ဂု ရဲ့ အထက်တန်းပြီးမဲ့‌ နောက်ဆုံးနေ့၊examဖြေပြီးတာနဲ့သူလဲ ကျောင်းပြီးပြီး တက္ကသိုလ်ရောက်ရောပေါ့။
လုပ်နေကျအတိုင်း ရေမိုးချိုး အ၀တ်အစားလဲကာ Booလေးအား ကြိုရန်ထွက်လာခဲ့သည်။Booကို၀င်ခေါ်ပြီး စက်ဘီးလေးနှင့် သွားဖြစ်သည်။..

"Boo.."

"ဗျာ"

"ကိုကိုက ကျောင်းပြီးတော့မယ်ဆိုတော့ Booကကိုကို့ကို မလွမ်းဘူးလား.."

"အွန်း ကိုကိုက ကျောင်းပြီးလဲ လိုက်ပို့မှာပဲမလား.."

"အဲ့တာက ကိုကိုတက္ကသိုလ်မတက်ခင်အထိပေါ့.."

"အာ..ဟုတ်လား? ဒါဆို Booတော့ လွမ်းနေမှာ..Booဒီထက်စောစောကြီး‌ မွေးလာရမှာ သိလား"

"ဟင် ဘာလို့တုန်း Booရဲ့"

"Booက ကိုကိုနဲ့အသက်တူရင် ကိုကိုနဲ့ အတန်းတူပြီး မခွဲရတော့ဘူးပေါ့.."

"ဟား စကားတတ်လေး"

"ခိခိ.."

စကားတစ်ပြောပြောနှင့် ကျောင်းနားတောင်ရောက်လာလေပြီ။

"Boo..ဒါဆို ကိုကိုသွားရတော့မယ် .."

"Nae..မွ fightingကိုကို"

"အာ အသဲယားလာပြီကွာ ထပ်နမ်းပါဦး"

"အာ တော်ပါသွားတော့.."

"ဟား ဟုတ်ပါပြီ သွားပြီနော် တာ့တာ"

"ဟုတ်ကဲ့ တာ့တာကိုကို"

ကိုကို‌ ပျောက်သည်အထိကြည့်နေပြီး မှ ကျောင်းအခန်းထဲသို့ သာာဦးတည်၍ ဆက်လျှောက်လာခဲ့သည်။ဟူး..ဒီနေ့ရဲ့နေ့တာက တော်တော်ရှည်ရင်ကောင်းမှာပဲ။

"ထယ်ထယ်!"

ရုတ်တရက်အဝေးတစ်နေရာမှ ခေါ်သံကြောင့် ထယ်လှည့်ကြည့်လိုက်လျှင်.. ရာရာမမကိုတွေ့ရသည်။..

"ဟုတ်ကဲ့"

"မမနဲ့ ခဏလိုက်ခဲ့မလား စကားပြောရအောင်"

"ဟို.."

"ငါ ထွက်သွားရတော့မှာ.."

"ဟင်"

"ဟုတ်တယ် ငါ LAကိုသွားရတော့မှာ မို့မင်းနဲ့စကားပြောချင်တာ.."

My Baby BooWhere stories live. Discover now