M.B.Bပန်းခြံကနေပြန်လာတော့ Booက အိပ်ပျော်လျက်သာ လိုက်ပါလာခဲ့သည်။ငိုထား၍ မှိတ်ထားသော မျက်တောင်လေးပေါ်တွင် မျက်ရည်စလေးအနဲငယ်က ခမ်းမခြောက်သွားသေး၊နှစ်ခြိုက်စွာ အိပ်ပျော်နေသောBooကိုကြည့်ပြီး မျက်ရည်များဝဲလာရပြန်သည်။..
"ကိုကို Booကို မခွဲနိုင်ဘူး..ကိုကိုဘယ်လိုလုပ်ရမလဲကွာ.."
သူပြောနေပေမယ့် Booလေးကတော့ အိပ်ပျော်နေဆဲပင်။တစ်ချက်တစ်ချက်ရှိုက်သံလေးတေထွက်ထွက်လာတာကြောင့် သူ့မှာ မျက်ရည်များကြားထဲ အူယားမိပါသေးသည်။နှဖူးလေးအား တစ်ချက်အနမ်းပေးကာ ကားထဲမှ Booလေးအား ပွေ့ချီလာခဲ့သည်။..
အိမ်ထဲ၀င်လာတော့ . အန်တီနှင့် အန်ကယ်က အလန့်တကြားပြေးတွဲလာသည်။
"အမလေး ထယ်လေး ဘာဖြစ်တာလဲ အိပ်လာပြန်ပြီလား"
"ဟုတ်တယ် အန်တီ"
"အင်း ..ဟင့်"
"ကျွတ် ကျွတ် Booလေးကိုကိုရှိတယ်နော် ကျွတ် ကျွတ်"
ထယ်ထယ်လေးအား နိုးမှာစိုး၍ ဖင်လေးပုပ်ပြီး ချော့သိပ်နေပုံက မားတို့အတွက် ချစ်စရာကောင်းလှပေသည်။
"သား ဂျောင်ဂုလေး ညောင်းနေပါမယ် အန်ကယ့်ကိုပေး"
"ရပါတယ် အန်ကယ် ကျွန်တော် အခန်းထဲထိလိုက်ပို့လိုက်ပါ့မယ် .."
"အေကွယ် ကျေးဇူးပါသား"
"ရပါတယ်အန်ကယ်"
ဂျောင်ဂုလဲ အန်ကန်တို့ကို နှုတ်ဆက်ပြီး Booလေးအား အိပ်ခန်းထဲသို့ ပွေ့ချီလာခဲ့သည်။အခန်းထဲရောက်တော့ ကုတင်ပေါ်ချပေးကာ ဖိနပ်လေးကို အရင်ချွတ်ပေးလိုက်သည်။ ဗီဒိုထဲမှ ည၀တ်အင်္ကျီလေးအား ရွေးထုတ်ကာ Booရဲ့ ကိုယ်ပေါ်က အ၀တ်အစားများနှင့် လဲ၀တ်ပေးလိုက်သည်။ ..
"နောက်ဆို ကိုကိုကBooကို ဒီလိုဂရုမစိုက်နိုင်တော့ဘူးပဲ"
Booလေးနှင့် ပတ်သတ်လျှင် ထိန်းချုပ်မရသောမျက်ရည်များက အလိုလိုနေရင်း ကျဆင်းလျက်သား..
"Boo.. ကိုကိုကတိပေးပါတယ် ကိုကိုအမြန်ဆုံး ပြန်လာနိုင်အောင်ကြိုးစားပါ့မယ်လို့လေ ဟင့်"
YOU ARE READING
My Baby Boo
Fanfiction🍓'ချစ်တယ်'ဆိုတဲ့စကားလုံးဟာ Booတစ်ယောက်ထဲအတွက်ဖြစ်သလို 'My Baby Boo.'ဆိုတဲ့ နာမ်စားလေးသည်လည်း Booတစ်ယောက်ကိုသာ ရည်ညွှန်းသည်။🍓