~24~

1.6K 110 2
                                    

M.B.B

Daeguကနေ ဖွားကိုနှုတ်ဆက်ပြီး အိမ်ပြန်လာတော့ မားက မရှိဖူးထင်..။

"မားအပြင်ထွက်သွားတာလားပဲ"

ရေမိုးချိုးပြီး အင်္ကျီအ၀တ်အစားလဲကာ..ရှည်နေပြီဖြစ်တဲ့ အရှေ့က ဆံပင်ထိပ်လေးအားစည်းနေတုန်း bellသံကြားသောကြောင့် အိမ်ရှေ့ကိုထွက်လာမိသည်။

"မားလားပဲ?)

"လာပါပြီဗျ"

အဆက်အပြတ်တီးနေသောbellသံကြောင့် ထယ်ထယ်လေးမှာ အမြန်ပင်ပြေးလာရသည်။

"မားကလဲ အထူးတဆန်းဘာလို့.."

တံခါးကိုဖွင့်‌ဖွင့်ချင်း စကားတွေသည် ရပ်
တန့်သွားသလို ထယ်ထယ်လေးမှာလည်း အံဩမှုများစွာဖြင့်...
.
.
.
.
.
တံခါးဖွင့်လာသည်က ကိုယ့်ရဲ့မြတ်နိုးမှုလေးဖြစ်တဲ့Booလေး..
မထင်မှတ်ထားသော အခြေအနေကြောင့် ဂျောင်ဂုမှာ ကြောင်မိနေသည်။

"ခဗျားက ဘယ်သူလဲ?အိမ်မှားနေပြီထင်ပါတယ် ခွင့်ပြုပါဦး"

"နေပါဦး "

ပြောရင်း လက်ကလေးကိုမဝံမရဲလှမ်းဆွဲလိုက်တော့ လှည့်ကြည့်လာတဲ့ မျက်၀န်းလှလှလေးမှာ ငွေ့ရည်တေဖွဲ့သီလို့...။

"ကိုကို့ကို အိမ်ထဲပေးမ၀င်တော့ဘူးလား?"

"ရွှတ် ပေးမ၀င်ဘူး လွတ်"

"ကိုကို ရှင်းပြတာတွေကို နားထောင်ပေးပါ Boo..."

"နားမထောင်ချင်ဘူး သွား ဟင့်"

သူ့အားတွန်းကာ တံခါးပိတ်သွားတဲ့ဒီအကောင်ပေါက်လေးက ဘာလို့ဒီလောက်တောင် အားသန်နေရတာပါလိမ့်။

"Booမင်းရှိနေသေးတယ်ဆိုတာကို...ကိုယ်သိတယ် .."

"ကိုကိုရှင်းပြတာလေးတော့ နားထောင်ပေးပါဦးနော် "

"...."

"Boo..ကိုကိုBooထွက်မလာချင်း ဒီမှာဘဲ နေနေမှာ"

" နေပေါ့! ခဗျားဘာသာပဲလေ"

အသံစာစာလေးအားကြားလိုက်ရသောကြောင့် သူ့မှာ ဒုက္ခရောက်နေတဲ့ကြားထဲကပြုံးမိပါသေးသည်။

"ကိုကို တကယ်နေနေမှာနော်"

အသံမကြားရတော့ Booလေးက တကယ်ကိုကို့ကိုစိတ်နာနေပုံပါပဲ ဖြစ်သင့်ပါတယ်။...
.
.
.
.
.
.
တကယ်ကြီး နေနေရင်ကော ?အာ မနေလောက်ပါဘူး။အသံတောင်မကြားရတော့သွားပြီလားတောင်မသိဘူး။တံခါးနားခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေကာ လက်သည်းအားကိုက်ပြီးစဉ်းစားနေသော ထယ်ထယ်လေးပါလေ။

My Baby BooDonde viven las historias. Descúbrelo ahora