ရွှေရောင်အတ္တ ၁
အပိုင်း ~၁
"ရှူး..ရှူး တိုးတိုး သူဌေးကားပါကင်မှာရောက်နေပြီတဲ့.."
အသစ်စက်စက်ကွန်ဒိုအရောင်းပြခန်းက၀န်ထမ်းမလေးတွေအချင်းချင်းသတင်းပေးရင်း၊ ကိုယ့်နေရာကိုယ်ပြန်ထိုင်ကာအသံတွေလည်းတိတ်ကြသွား
သည်။
ဘယ်သူ့ကိုမှမျက်နှာသာမပေးတတ်သောကြောင့်သူဌေးကိုဆိုဖိန့်ဖိန့်တုန်အောင်ကြောက်ကြသည်။
ဝင်လာထဲကအနားမှာ အတွင်းရေးမှူးဦးဇော်ကပ်
ပါလာပြီးလုပ်ငန်းအကြောင်းအစီအရင်ခံတာကို
ခေါင်းတငြိမ့်ငြိမ့်နဲ့နားထောင်ရင်းလိုက်ပါလာသည်။
ဓာတ်လှေကားထဲလှမ်းအ၀င်မှာချောခနဲဖြစ်သွားတဲ့ရေကွက်ကြီးကြောင့် ပိုမိုတည်တင်းသွားကာ..
"တာဝန်ကြတဲ့ သန့်ရှင်းရေးဝန်ထမ်းကိုခေါ်လိုက်.."
ဒီလောက်ကဦးဇော်ပဲဆူငေါက်လိုက်ရင်ရသည်၊ဒါ
ပေမယ့် သူဌေးရဲ့အကျင့်ကတော်ရုံမဟုတ်..
သန့်ရှင်းရေးအမျိုးသမီးအူယားဖားယားပြေးလာ
သည်။
"အလုပ်ကိုသေသေချာချာလုပ်ဖို့ဘယ်နှစ်ခါပြောရ
မလဲ..ဒီနေ့ခင်ဗျားတာဝန်လား"
"ရှင် ဟုတ်.."
"ဓာတ်လှေကားထဲမှာ ကာစတမ်မာတစ်စုံတစ်ယောက်ချော်လဲပါပြီတဲ့ ခင်ဗျားဘယ်လိုတာဝန်ယူမှာလဲ.."
"ဒါက သူဌေး ကျွန်မမနက်ကသေချာသန့်ရှင်းရေး
လုပ်ခဲ့တာပါ.."
BẠN ĐANG ĐỌC
ရွှေရောင်အတ္တ OC (Complete)
Lãng mạnမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...