ရွှေရောင်အတ္တ {27} Unicode

10.4K 338 5
                                    


ရွှေရောင်အတ္တ ၂၇
အပိုင်း ~ ၂၇

" ဆေးရုံစရိတ်တော့ အန်တီ့ဖာသာပဲရှင်းပါ့မယ်
သားရယ် .."
" ဟာမရဘူး.. ဖေဖေကရှင်းခိုင်းထားတာကို
အန်တီကလည်း.. "
" သူဌေးကိုကောသားကိုကော၊ အားနာစရာတွေ
ဖြစ်ကုန်ပါပြီ.."

" ဘာလို့အားနာရမှာလဲ ၊ သားတို့ကအားနာစရာလူ
တွေလားပြော..
လေးဇော် ကိုဖေဖေကအလုပ်ခရီးလွှတ်ထားတာ
ဖေဖေ့မှာလည်းတာဝန်ရှိတယ်.. သုသုအတွက်
ဘာမှမပူနဲ့ .."
" အင်းပါကွယ်၊ သူဌေးကိုလည်းအန်တီကကျေးဇူး
တင်တယ်လို့ပြောပေးပါ.."
" သားပြောလိုက်မယ် စိတ်ချ.. "

ထိုစဉ် သု့သု့ကိုဆရာဝန်တစ်ယောက်လာကြည့်ပြီး
သွေးစစ်ဖိူ့ လက်ကသွေးဖောက်ဖို့ပြင်သည်။
" နဲနဲတော့ နာမယ် ညီမ.."
တသ ကကမန်းကတန်း သုသုလက်ကိုကောက်
ကိုင်လိုက်ပြီး..
" ရတယ် ဒေါက်တာ လုပ်လုပ်၊ ကျွန်တော်ကိုင်
ထားပေးမယ်.. "
ဘေးနားကနာစ့်ကတောင်..
" မောင်လေးကအစ်မကိုအရမ်းဂရုစိုက်တတ်တာ
ပဲနော်.. " တဲ့..
ခွီး တသမျက်နှာကြီးပြုံးဖီးနေတာ..
သုသုကနွေမှာမွေးပြီး တသကမိုးရာသီမှာမွေးတာ
ကြောင့် သုသုကလပိုင်းခန့်ကြီးသည်။
ငယ်ငယ်က နှစ်ယောက်အတူလျှောက်သွားရရင်
လူတွေက မောင်နှမတွေအထင်နဲ့ပြောဆိုနှုတ်ဆက်ရင် .. သုသု့ကို မမကြီး၊မမကြီးနဲ့နောက်ပြောင်
နေကြလေ..
သူကြအငယ်တဲ့..

နေမကောင်းတဲ့သုသု ပိုကာရှုံ့မဲ့နေသည်။
အူအတတ်ပေါက်ရတာလည်းကြည့်အုံး သူ့ကိုစိတ်
ကောက်ပြီး ပြန်သွားတဲ့နေ့ကအိမ်မှာရှိတဲ့မာလကာပင်က အသီးတွေပြွတ်နေအောင်သီးနေသည်။
ရန်တသ အိမ်ရောက်ပြီဆိုရင် အဲ့မာလကာပင်ပေါ်
တတ်ခူးပြီး သုံးဆောင်နေကြလေ..

အဲ့တော့ နင့်ကိုမကျွေးဘူးဆိုပြီး အသီးရိုက်ချပြီး
တစ်ယောက်ထဲထိုင်စားပစ်လိုက်တာဖြစ်သည်။
မာလကာသီးအစေ့က အူအတတ်ထဲရောက်ပြီးအခုဆေးရုံပါရောက်ရတာပဲ..
" နင်တော်တော်အစားသောင်းကျန်းတာပဲ.. "
" နင့်ကိုမကျွေးချင်လို့ တမင်စားပစ်လိုက်တာသိလား.. "
" အဲ့လို စိတ်ပုပ်လို့ အခုအူပါပုပ်လိုက်လာတာ"
" ခွေးစုတ် တသ..နင်ကြသူတော်ကောင်းလား.."

ရွှေရောင်အတ္တ OC (Complete)حيث تعيش القصص. اكتشف الآن