ရွှေရောင်အတ္တ ၉
အပိုင်း.. ၉" အဲ့တာဘယ်သူလဲ၊ ဘယ်ကောင့်လက်ချက်လဲ..
အစ်မ ငါ့ကိုပြောစမ်းပါ၊ ဒီကလေးရဲ့အဖေဘယ်သူ
လဲ..."ပိုးမိတစ်ယောက်နေမကောင်းဘူးထင်နေတာ။
တနေ့ကသူဝယ်ကျွေးတဲ့ဆီချက်ခေါက်ဆွဲတောင်
မစားနိုင်ပဲထအန်လို့ သူအံ့သြနေခဲ့တာ၊ ခါတိုင်းဆို
တစ်ပွဲကိုအသာလေးပဲလေ။
ဒါနဲ့ ဒီနေ့လုပ်အားခနဲ့ပိုးမိကြိုက်တဲ့မုန့်နဲနဲဝယ်လာ
ပြီး အိမ်ကိုဝင်ပို့တုန်း...
သူ့အမေလည်းဒီဘက်အိမ်ရောက်နေပြီး၊ အကြီးနဲ့
နှစ်ယောက်သားတီးတိုးပြောဆိုနေတာတွေကို
သူကြားသွားသည်။
ပိုး ပ်ိုးမိ မှာ ကိုယ် ဝန်ရှိနေပြီတဲ့!
ုပြီးတော့ ဘယ်အကောင်နဲ့လဲဆိုတာမပြောဘူးတဲ့..သူပါသိသွားတော့လန့်ဖြန့်ပြီးတအင့်အင့်နဲ့ရှိုက်ငိုနေတဲ့ပိုးမိအား ပုခုံးနှစ်ဖက်ကနေဆုပ်ကိုင်ကာ..
"အစ်မ အစ်မ နင်ဘယ်လိုဖြစ်ရတာလဲ...
နင်ဘယ်လိုလုပ် မိုက်ရတာလဲ... ငါ့ကိုပြောစမ်းပါ
အဲ့ကောင်ဘယ်သူလဲ၊ နင့်ကိစ္စကိုသိပြီးပြီလား..?
ဒါတောင် တာဝန်မယူဘူးတဲ့လား..
ဒါဆို ငါသွားသတ်ပစ်မယ်..."" မဟုတ် မဟုတ်ပါဘူး ရန်ရယ်.. ငါတောင်းပန်ပါ
တယ်၊ ငါ့အပြစ်ပါ၊ ငါ့အမှားပါ...အီး...ဟီး.."
" နင့်အမှားဖြစ်ရအောင် .. တောက်))))
နင်ကမိန်းကလေးလေ ... အဲ့အကောင်ဘယ်သူလဲ
ပဲငါ့ကိုပြောပါ၊ ငါဂုတ်ကဆွဲပြီးနင့်ရှေ့ခေါ်လာခဲ့မယ်.
ငါသတ်ချင်ရင်နေရင်တောင် သီးခံပြီး နင်နဲ့ပေးစား
မယ်... ပြော... ပြောစမ်းလို့..."" သား တိုးတိုးပြောပါသားရယ်၊ ပတ်ဝန်းကျင်ကြား
ရင် မင်းအစ်မထပ်ပြီးအရှက်ကွဲပါမယ်..."" သူ့ဗိုက်ထဲမှာ ကိုယ်ဝန်ရှိတာလေ၊ မစင်ရှိတာမဟုတ်ဘူးအမေ.. ဒီအတိုင်းရှင်းလိုက်လို့ပျောက်သွား
မယ်ဆို ကျွန်တော်အခုလိုတောင်မေးမနေဘူး..
တဖြေးဖြေးပူလာရင် အဲ့ကြမှအများတံတွေးခွက်ထဲ
ဒင်းပက်လက်မြောမှာ..
ပတ်ဝန်းကျင်ဆိုတာ နဂိုထဲကပြစ်တင်ကဲ့ရဲ့ဖို့ပဲ
စောင့်နေတာ..
အစ်မ အခုမှပါးစပ်ပိတ်ပြီးငိုမနေနဲ့၊ နင်မှာအသိတရားရှိသေးရင် အမြန်ပြော..."

ВЫ ЧИТАЕТЕ
ရွှေရောင်အတ္တ OC (Complete)
Любовные романыမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...