ရွှေရောင်အတ္တ ၃၂
အပိုင်း ~ ၃၂
သူကsunday ဆိုရင်များသောအားဖြင့်အိမ်မှာပဲ
နားလေ့ရှိသည်။ Golfရိုက်တာဘာညာလည်း
ဝါသနာမပါလို့ ချိန်းကြလည်းသူမသွားဖြစ်ပါ။
သားကတော့ကျာင်းပြန်တတ်နေရပြီမို့ ဆန်းဒေး
တောင်သင်တန်းဆိုပြီး လစ်လစ်နေတာပဲ ..
ဟိုမိန်းမကလည်းသားမရှိရင်ဘယ်ချောင်ကပ်ကပ်
နေမှန်းမသိတော့ တစ်ယောက်ထဲပျင်းပျင်းရှိလှ
တာနဲ့ ရုပ်ရှင်ထိုင်ကြည့်နေသည်။
တင်းတောင်~~~ တင်းတောင်...
" ရန်အတ္တ အပြင်မှာဘယ်သူလည်းမသိဘူး...
ဒီမှာ ကျွန်မဟင်းအိုး တန်းလန်းနဲ့မို့ ရှင်အားရင်
ဖွင့်ပေးလိုက်ပါလား... "
ယောင်းမတစ်ချောင်းနဲ့အကွယ်ကနေလှစ်ခနဲထွက်
လာပြီး သူ့ကိုလှမ်းအော်ပါသည်။
" ပြီးရော..."
ခြံနဲ့အိမ်ဆိုရင် ဝေးသည်လမ်းလျှောက်ရသေးသည်။ တံခါးဖွင့်ကာ...
" ဘယ်သူလဲ .. "
" ဟင် ဦး.. ဦးအိမ်မှာရှိနေတယ် .. "
သူ့နားရက်မှန်းသိလို့ စုံစမ်းပြီးမှရောက်လာတဲ့
အေသင်.. သူမနောက်မှာလည်းကားတစ်စီးနဲ့ပါ
လာသေးသည်။
" အေသင်လက်ဆောင်ယူလာတာ .. ဦးရှိနေတော့
အတော်ပဲ ... "
ကားပေါ်ကနေ ပိန်းပန်းပင်အရွက်အကြီးကြီးကိုပန်း
အိုးအကြီးစားထဲထည့်ထားတာကို လူ၂ယောက်မ
သယ်ပြီးချလာသည်။
"အရင်တစ်ခါအိမ်ရောက်တုန်းကစဉ်းစားမိတာလေ
ရေကူးကန်ဘေးကလမ်းမှာလေ.. ဒါမျိုးထားရင်
အရမ်းကြည့်ကောင်းမှာပဲ ဆိုပြီး.. "
" အစ်ကိုတို့ ဟိုအထဲထိပို့ပေးနော်.. "

BẠN ĐANG ĐỌC
ရွှေရောင်အတ္တ OC (Complete)
Lãng mạnမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...