ရွှေရောင်အတ္တ ၃၇
အပိုင်း ~ ၃၇ခြံဝကဆရာမကြီးကို နှင်ထုတ်ခဲ့ပြီးနောက် စားပွဲနားပြန်လာတော့ သုသုကပန်းကန်တွေကိုနေရာ
ချနေသည်။
" သုသု .."
သူခေါ်တာကိုမကြားချင်ယောင်ဆောင်နေပါသည်။"သုသု ငါ ငါက.. အဲ့လိုမဟုတ်ဘူး..နင်ထင်သလို"
" ငါရှေ့မှာ နင်အဲ့လိုနေတာ ဒါပထမဆုံးမှမဟုတ်
တာ ၊ ဘာတွေလာရှင်းပြနေတာလဲ.. "" ဒီတစ်ခါတော့ ငါရှင်းပြမှဖြစ်မယ်.. ငါ အဲ့ဒီမိန်းမ
ကို နမ်းမိတာက.. "
" ငါတော့ နင့်မှာဦးနှောက်ရှိအုံးမယ်ထင်ပါတယ်"" ဟာ နင်ထင်သလိုမဟုတ်ပါဘူးဆို.. "
" ငါ့ကိုယုံစေချင်တာလား.. ဘာလို့လဲ.. "သုသုကမျက်နှာတည့်တည့်ကြည့်ပြီးမေးသောအခါ
တသ အထစ်ထစ်အငေါ့ ငေါ့ဖြစ်ပြီး...
" ဘာလို့လဲဆိုတော့ ငါ ငါတို့ကသူငယ်ချင်းတွေလေ၊ ဟုတ်တယ် နင်ကငါ့သူငယ်ချင်း....
နင်အထင်လွဲသွားရင် ငါဘယ်စိတ်ကောင်းပါ့မလဲ"သြော်..သူငယ်ချင်းလေးပဲတဲ့။
" အေး နင်စိတ်ချမ်းသာအောင်ငါယုံပေးလိုက်ပြီ။
နင့်အဖေနဲ့ နင့်အမေကိုသွားခေါ်လိုက်တော့.. "" နင်တကယ် ယုံတာနော်.. "
(စိတ်ထဲမှာကျိန်ဆဲချင်နေတာတောင်မျက်နှာကပြုံး
တတ်လာတယ်။
တကယ်တော့ ငါကကမ္ဘာပေါ်မှာဟန်ဆောင်အ
ကောင်းဆုံးမိန်းကလေးပဲ)
ငါဘယ်လိုခံစားချက်ရှိတယ်ဆိုတာ နင်ဘယ်တောမှ မသိခဲ့ဘူး။ရွှေရောင်ကအရင်ရောက်လာပြီး...
"သားလုပ်တာ သမီးပါ ပင်ပန်းသွားပြီကွယ်၊
ဒီလိုမျိုးလုပ်ချင်ရင်အန်တီနေကောင်းမှ ချက်ပြုတ်ပေးမှာပေါ့.. "
" ရပါတယ် အန်တီရယ်.. အစားအသောက်တွေကမှာထားတာပဲလေ..သမီးတို့ကခင်းကျင်းယုံပါပဲ "တသ ကသူ့အဖေကိုသွားခေါ်လာပြီး..
" လာ ဖေဖေဒီမှာထိုင်.. "
ရန်နဲ့ရွှေရောင်ကိုစားပွဲတဖက်မှာယှဉ်ထိုင်စေပြီး
သူတို့နှစ်ယောက်ကတဖက်မှာနေရာယူထားသည်။" ညစာစားချင်ရင်ဟော်တယ်မှာဘိုကင်ယူလိုက်မှာ
ပေါ့၊ အိမ်မှာစားတာကိုအထူးအဆန်းလုပ်ပြီး.."
" ဖေဖေကလည်းအိမ်မှာဆိုပေမယ့် ဒါကမိသားစုပွဲလေ"
" မိဘနှစ်ပါးကို ဒဏ်ရာရအောင်လုပ်ပြီးမှ တောင်းပန်တဲ့ပွဲလား "
![](https://img.wattpad.com/cover/298576214-288-k960577.jpg)
CZYTASZ
ရွှေရောင်အတ္တ OC (Complete)
Romansမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...