ရွှေရောင်အတ္တ ၂၄
အပိုင်း ~ ၂၄
သားလေးကိစ္စကိုရန်အတ္တ နဲ့ဆွေးနွေးမှပဲ..
အိမ်မှာတော့ သားလေးရှိနေလို့မဖြစ်ဘူး..
သူအိမ်ပြန်လာသောအခါ.. သူ့နောက်ကဖြေးဖြေး
လေးကပ်လိုက်လာပြီး
" သူဌေး ပြန်ရောက်ပြီလား.. "
" ရောက်လာလို့ မင်းမြင်နေရတာမဟုတ်ဘူးလား"
" ဒီမှာ ကျွန်မရှင့်ကိုပြောစရာရှိလို့..ခနလေး"
"ဘာလဲ ပြောလေ.. "
ပြောချလိုက်ချင်ပေမယ့် သားကိုလည်းလှမ်းကြည့်
ရသေးသည်။အခု ဂီတာတစ်လက်နဲ့သူ့ဟာသူမြူး
ဇစ်ထဲအာရုံရောက်နေလို့ သူ့အဖေပြန်လာတာ
တောင်မသိပေမယ့်၊ တော်ကြာထလာရင်ဒုက္ခ..
" ဒီမှာပြောလို့မဖြစ်ဘူး.. ရှင်ဒီညအားလား"
" ဒီည အားလား?ဆိုတော့၊မင်းငါ့ကိုအဲ့လောက်ဈေးပေါတယ်ထင်နေလား.. "
" ရှင့်ပါရှင် ပေါပေါမပေါပေါ ၊ ကျွန်မသားလေးအ
ကြောင်းပြောစရာရှိလို့.. ရှင်အချိန်ရရင်ထွက်လာ
ခဲ့ပါ.. "
" ဇနီးဟောင်းကချိန်းတာဆိုတော့ ရင်တွေဘာတွေ
တောင်ခုန်သွားပြီ၊ ဘယ်ကိုထွက်လာရမှာလဲပြော"
" ကျွန်မဘယ်မှာရှိလဲ ရှင်ကပိုသိတယ်မဟုတ်ဘူး
လား၊ ဒါဆို ရှင်လာမယ်လို့မှတ်လိုက်ပြီ၊
ကျွန်မပြန်တော့မယ်.. "
ဟာ ဟဒီမိန်းမဘာတွေမာန်တတ်နေတာလဲ?
လူကို အခုသူ့ယောက်ျားများထင်နေသေးလား...
>>>>>>>>>>>>>>
နှင်းဆီ..သူမအိမ်မှာလည်တဆန့်ဆန့်နဲ့စောင့်နေတာ၊ည၁၀နာရီထိုးမှတော့သူလာတော့မယ်လို့
မထင်ပါဘူး။
တီ......တီ............ဟင်
" ရှင် ဘာလို့အခုမှလာတာလဲ.."
![](https://img.wattpad.com/cover/298576214-288-k960577.jpg)
ESTÁS LEYENDO
ရွှေရောင်အတ္တ OC (Complete)
Romanceမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...