ရွှေရောင်အတ္တ {20} Unicode

10K 161 0
                                    


ရွှေရောင်အတ္တ ၂၀
အပိုင်း ၂၀

ရန်အတ္တ.. တကယ်ပဲသူဘာဖြစ်ချင်နေတာလဲ..
အရင်ကလင်မယားဖြစ်ခဲ့တာမှန်ပေမယ့်..အခုသူကလက်ရှိအိမ်ထောင်နဲ့ဆိုရင်.. ငါနဲ့အတူအိပ်တာ
ကအိမ်ထောင်ရေးဖောက်ပြန်တာပဲ..

အလုပ်ထဲထိခေါ်ထားပြီး.. သူလုပ်ချင်ရာလုပ်နေတာဒီကိစ္စသူ့မိန်းမသိသွားရင် ဘယ်လိုလုပ်မလဲ..
ငါပဲထပ်ပြီးအနင်းချေခံရအုံးမယ်.. ပြီးတော့ငါက
သားလေးအမေဆိုတာ သိသွားရင်..အလွတ်ပေးမှာမဟုတ်ဘူး..
ကြားထဲကငါ့သားလေး စိတ်ထိခိုက်ရအုံးမယ်..
သူ ဒါမတွေးဘူးလား၊ သူ့မှာဦးနှောက်ရှိတာလား
မရှိတာလား..
မဖြစ်ဘူး ငါသူ့အကြောင်းနဲနဲပါးပါးစုံစမ်းရမယ်..

နောက်တနေ့ သန့်ရှင်းရေးထဲက နဲနဲသဘောကောင်းတဲ့အဒေါ်ကြီးအား ..သူ့အလုပ်ကူလုပ်ပေးရင်း..
" သူဌေးကတော်တော်ဇီဇာကြောင်တဲ့ပုံပဲနော်
ဒါကြောင့်လူပျိုကြီးဖြစ်နေတာထင်တယ်..  "

" မနှင်းဆီက သူဌေးကိုလူပျိုကြီးလို့ထင်နေတာ
လား.. "
" ဟင် မဟုတ်ဘူးလား.. အိမ်ထောင်နဲ့လား"
" အိမ်ထောင်တော့မရှိဘူး ဒါပေမယ့်လူပျိုကြီးလည်းမဟုတ်ဘူး.. ဘယ်လိုပြောရမလဲ တစ်ကိုယ်
တော်ဖေဖေလေ.. သူဌေးမှာသားတစ်ယောက်ရှိ
တယ်။ တော်တော်တောင်ကြီးပေါ့.. "

သူမရင်ထဲကအလုံးကြီး ဝုန်းခနဲပြုတ်ကြသွားသည်
။သားလေးမှာမိထွေးမရှိဘူးတဲ့..
သူအိမ်ထောင်ထပ်မပြုဘူးပေါ့..
သားကိုတစ်ယောက်ထဲပျိုးထောင်ရင်း ဒီဘဝထိ
တတ်လာနိုင်တာဆိုတော့ နဲနဲတော့လေးစားမိသည်။

" သူ့သားလေးကိုမြင်ဘူးလားဟင်.. ဒီကိုလာတတ်
လား နာမည်ဘယ်လိုခေါ်လဲ.. "
" မမြင်ဘူးပါဘူး.. သူကဒီကိုမလာဘူးကွဲ့..
သူဌေးအိမ်သစ်တတ်တုန်းကတော့ ဝန်ထမ်းတွေ
ကိုဖိတ်တယ်လေ. ရုံးပိုင်းကလူတွေကတော့မြင်ဖူးရင်မြင်ဖူးမှာပေါ့. .. တချို့ကတော့ဖအေနဲ့တူတယ်
လို့ပြောတယ်.. "
" ဟုတ်လား နာမည်လေးကောသိလား .. "

" အင်း နာမည်ကလည်းသူဌေးနဲ့ခပ်ဆင်ဆင်ပါပဲ
သေချာတော့မသိဘူးကွယ်.. ဘာလဲမနှင်းဆီက
သူဌေး အကြောင်းကိုစိတ်ဝင်စားလို့လား.. "

" ရှင် မဟုတ် မဟုတ်ပါဘူး..
တစ်ကိုယ်တော်အဖေဆိုတော့ ခလေးတစ်ယောက်
ကိုဘယ်လိုပျိုးထောင်ထားလဲသိချင်လို့ပါ
ကျွန်မမှာလည်း အဖေပဲရှိတော့တာလေ.. "

ရွှေရောင်အတ္တ OC (Complete)Dove le storie prendono vita. Scoprilo ora