ရွှေရောင် အတ္တ ၁၆
အပိုင်း ~ ၁၆
ရန့်အမေ ဒေါ်ကြည်..
" ကျုပ်သားလေးကို လွမ်းလိုက်တာတော်.. "
" လွမ်းရင်သွားတွေ့ပေါ့ အမရဲ့..
တစ်ယောက်ထဲရှိတာပဲ၊ ဆိုင်ခဏပိတ်ထားတော့
ဘာဖြစ်သေးလဲ.. "
" ဟုတ်ပါ့၊ ငါ့သားနဲ့ချွေးမဘယ်လိုနေလဲတော့
ငါသွားကြည့်အုံးမှပါ.. "
သားဆီသွားမယ်ဆိုပြီးအထုတ်အပိုးတွေပြင်ဆင်
လိုက်တာမနဲမနောဖြစ်သွားသည်။
" မဖြစ်သေးပါဘူး လိုအပ်တာပဲသေချာရွေးယူမှ.."
ကြိမ်ခြင်းကြီးကြီးထဲပစ္စည်းတွေစုထည့်ကာ..ဘေး
အိမ်တွေကို..
" ဟဲ့အေးမာတို့၊ မိလုံးတို့ ငါ့အိမ်လေးကြည့်ထားကြ
နော်.."
"အို စိတ်ချပါအစ်မရဲ့..အစ်မကလည်းဥစ္စာကို
ခြောက်တယ်.. "
" ငါ့သားအတွက် သူ့အဖေအမွေကဒါလေးပဲရှိလို့
ပါအေ.."
>>>>>>>
ဒီနေ့အမေလာမယ်ဆိုလို့ သူအလုပ်ကိုမြန်မြန်ဖြတ်
ပြီးစောစောပြန်လာခဲ့သည်။ ဒါပေမယ့် လမ်းမှာ..
" ရန်အတ္တ.. "
ဆိုပြီး သူ့နာမည်ခေါ်တော့ လှည့်ကြည့်စဉ်..
ခွပ်.. ပင့်လက်သီးတစ်လုံးကသူ့မျက်နှာကို
မိတ်ဆက်လာသည်။ ဘုဘမသိပဲ ခံလိုက်ရတာ..
ကြည့်လိုက်တော့ ကျော်ခေါင်ဖြစ်နေသည်၊အနားမှာအရင်ကသူ့ကြောင့်သွားတစ်ချောင်းကျိုးသွားတဲ့
ကောင်ရယ်၊ နောက်သူတို့ထက်ကြီးတဲ့လူမိုက်လို
ကောင်၂ယောက်ပါသည်။
ရန်အတ္တက ပါးစောင်ထဲကသွေးတွေကိုထွေးထုတ်
ပစ်ကာ.. ထွီ..
" မင်းတို့ကဘာတွေလဲ.. "
" ခွေးသူခိုးကောင်.. မင်းကများပြန်မေးနေသေးတယ်.."
أنت تقرأ
ရွှေရောင်အတ္တ OC (Complete)
عاطفيةမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...