ရွှေရောင် အတ္တ ၄၁
အပိုင်း ~ ၄၁" ရှင်ကကတုံးမတွေနဲ့တော်တော်အကျိုးပေးပုံရ
တယ်နော်.. "
" ဘယ်လို.. "
မနက်ဖြန်မင်္ဂလာဦးဆွမ်းကျွေးလုပ်ဖို့ရန်ကုန်ကလူ
တွေကိုလည်းခေါ်ထားသည်၊ အခုညဘက်မှာ
ရွှေရောင်ကမျက်နှာပေါင်းတင်နေရင်းနဲ့ သူ့ကို
အရင်းမရှိအဖျားမရှိထပြောတာဖြစ်သည်။" ရှင့်နှမအညိုလေ ဟိုးအရင်ကပြောခဲ့တာ
ကိုကိုအတ္တပြုံးပြရင်ကတုံးမတောင်မရိုးမရွဖြစ်သွား
မယ် ဆိုတာ၊ အခုလိုကျဟုတ်သားလို့.. "" မင်းဦးနှောက်ကတော်တော်ပဲ ဒါမျိုးတွေကမှတ်မိ
တယ်၊ ငါချစ်ခဲ့တာတွေကျ မင်းမေ့ပစ်တယ်"" ဟင်း ဟင်း ...ဘာရယ်မဟုတ်ပါဘူး အကြောင်း
တိုက်ဆိုင်လို့သတိရမိတာပါ...
ဒါနဲ့ ဒေါ်လေးတို့အညိုတို့ကော၊ ရှင်သူတို့နဲ့ပါ
အဆက်အသွယ်ဖြတ်ပြီးနေနေတာလား.. "" တစ်ယောက်ထဲရှိတဲ့အမေ့ညီမပဲ ဘယ်ပစ်ထားပါ့
မလဲ...ဒေါ်လေးဆိုမြစ်တောင်ရနေပြီ.. "
" ထင်ပါတယ် .. ရှင့်အမျိုးကိုတော့ရှင်ချစ်တတ်
ပါတယ်လို့"
" ကိုယ့်အမျိုးတွေကတော့ ကိုယ့်ကိုတစ်ခါမှဒုက္ခမပေးဘူးဘူးလေ.."" ရှင် ကျွန်မနဲ့ရန်ဖြစ်ချင်နေတာလား.. ?"
"ဘာပြောမိလို့လဲ.. "
" တောင်းပန်ပါတယ် ဘာညာနဲ့တကယ်တော့
ရှင့်အကျင့်က နဲနဲလေးမှမပျောက်သေးဘူး..
ကျွန်မ အညာမိသွားသလိုပဲ၊ ရှင်ယီးတီးယားတား
တော့မလုပ်နဲ့နော် အချိန်မှီသေးတယ်..
ဒီက သီလရှင်ကောက်ဝတ်လိုက်မှာ..ဟွန်း"" မလုပ်ပါနဲ့.. ကိုယ်နဲ့သားကိုသံယောဇဉ်ပျက်နိုင်
တာလည်းမဟုတ်ပဲ...
တော်ကြာတရားတစ်ဖက် ၊ဓားတစ်လက်နဲ့ မင်းပဲ
ကုသိုလ်မရ ငရဲရနေမှာစိုးလို့ပါ"
" သားကထားပါတော့.. ရှင့်ကိုမပျက်နိုင်ဘူးလို့
ဘယ်သူကပြောလဲ.. "" ဟုတ်လား.. အဲ့တာကြောင့်ထင်တယ်..
မူးပြီးအိပ်ပျော်နေမှ နဖူးလေးကိုခိုးနမ်းတာတို့ဘာ
တို့..."
ရွှေရောင် မျက်လုံးပြူးသွားပြီး...
" ရှင် ရှင်ကလူယုတ်မာကြီးပဲ...
ရှင့်ကိုရှင်မင်းသားပေါ့၊ တော်တော်ဟန်ဆောင်ကောင်းတယ်ပေါ့ဟုတ်လား.. "

BẠN ĐANG ĐỌC
ရွှေရောင်အတ္တ OC (Complete)
Lãng mạnမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...