ရွှေရောင်အတ္တ {6} zawgyi

2.8K 33 0
                                    

ရွှေရောင်အတ္တ ၆

အပိုင်း..၆

ကျောင်းမုန့်ဈေးတန်းက သရက်သီးသုပ်ဆိုင်မှာ

ရန်အတ္တကအီကိုခန်းကကောင်မလေးတွေနဲ့

မနေ့ကဘောလုံးပွဲအကြောင်းပြန်ပြောရင်းပွဲကြနေ

ကြသည်။

ရွှေရောင်တို့အုပ်စုလည်း မုန့်စားတန်းဘက်သို့

လျှောက်လာကြရင်း.. သူ့ကိုလှမ်းမြင်သွားသည်။.

" ရွှေရောင် နင်သရက်သီးပေါင်းစားမလို့ဆို.. " 

" မစားတော့ပါဘူး .. အုပ်ဆောင်းမပါဘာမပါနဲ့

ယင်ကောင်တွေကတလောင်းလောင်းနဲ့ဆိုတော့

ကျန်းမာရေးနဲ့မညီညွှတ်ဘူး.. " 

ဟင်  ခါတိုင်းလည်းစားနေကြကို.. 

ရွှေရောင်စိတ်ထဲမှာသူတို့ရှေ့ကသရက်သီးဇလုံကြီး

ကိုတောင်ကြည့်မရတွေဖြစ်သွားသည်။

သူတို့ကဘာတွေပြောပြီးဒီလောက်တောင်ရယ်နေ

ကြတာလဲ..သွားတွေတောင်အပြင်ခုန်ထွက်လာတော့မယ်.. 

သူကလည်းစကားပြောနေရင်းကနေ လှည့်ကြည့်

တော့ရွှေရောင့်ကိုမြင်သွားပါသည်။

ဘာမဆိုင်ညာမဆိုင် မျက်စောင်းထိုးပစ်လိုက်ကာ

ချာခနဲလှည့်ထွက်လာခဲ့လိုက်သည်။

"ဟေ့ ရွှေရောင် ငါတို့ကိုစောင့်ပါအုံး..  " 

ဟိုက်! သေစမ်း....သူ့ကိုမြှာပွေနေတယ်ထင်

သွားပြီ... သူစွံတုန်းကကောင်းပြီးကိုယ်စွံတော့မှ

မျက်စောင်းထိုးရက်သလား....

နေ့တိုင်းနေ့တိုင်း မင်းနောက်လိုက်ပြီးမင်းကိုကြောင်သမျှကောင်တွေကိုကြ ဒီကောင်ကဘယ်လိုမျက်

စိနဲ့ကြည့်နေခဲ့ရသလဲ သိရဲ့လား.. မနှင်းဆီ ရေ...

" ဟျောင့် နီတြာ.. " 

ကျော်ကြီးတို့နောက်ကနေရောက်နေပြီး ပုခုံးကို

လှမ်းထုရင်းခေါ်လိုက်သောအခါ...

ရွှေရောင်အတ္တ OC (Complete)Where stories live. Discover now