ရွှေရောင်အတ္တ {14} zawgyi

2.5K 32 1
                                    

ရွှေရောင် အတ္တ ၁၄

အပိုင်း... ၁၄

ဖုန်း..ဖုန်း.. ဖတ်..ဖတ်..

အလုပ်ကပြန်လာ၊ရေချိုးရင်းသူ့အ၀တ်ကိုယ့်အ၀တ်တွေကိုလျှော်ပြီးလှန်းနေတုန်းဒေါ်လေးကအနောက်ဖက်ရေအိမ်ကိုအလာနဲ့တိုးပြီး..

" ဟဲ့ ရန် အဲ့တာဘာလုပ်တာလဲ.. မိန်းမအ၀တ်

တွေ၊ ဧကန်န မင်း မင်းကဒါပါလျှော်ပေးနေရတာ

လား ဟမ်.. ဟုတ်လား.. " 

" တိုးတိုးပြောပါ ဒေါ်လေးရယ်..သူအအေးပတ်

မှာစိုးလို့မှာ.. " 

" အမလေးတော်.. အအေးပတ်ရအောင်တစ်ဇလုံ

တစ်ဇလားမို့လို့လား၊ ကိုယ့်ခါးကချွတ်တာလေးကိုယ်လျှော်ရမှာတောင် ဒါအထိယောက်ျားကိုခိုင်းရလား..

ငါ့နှယ်..

ငါတို့လည်းကလေးမွေးလာတာပါတော်.. 

မင်းကြမှသည်းကိုသည်းလွန်းတယ်.. ကိုယ့်ကိုယ်

ကိုယ်ဘုန်းကံနိမ့်အောင်.." 

" သြော်.. ဒေါ်လေးရယ် သူကအခုမှပထမဆုံးကလေးဆိုတော့ အစစအရာရာဂရုစိုက်ရတယ်လေ..

ပြီးတော့ သူ့အိမ်မှာဆိုရေမထိ၊နေမထိနေရတာဗျ.

တော်ကြာ ကျွန်တော့်လက်ထဲရောက်မှ ဒါမျိုးတွေ

လုပ်ရင်း သူတစ်ခုခုဖြစ်သွားရင် ကျွန်တော်ရင်ကျိုး

မှာ ၊ ပြီးတော့ ရေညှိတွေနဲ့ချောနေတာဗျ..."

" ဘာပဲဖြစ်ဖြစ်ဒါထိ မင်းလျှော်ပေးစရာမလိုဘူး

.. မင်းနှမကိုပဲငါခိုင်းလိုက်မယ်..

အညိုရေချိုးရင်းယူလျှော်လိမ့်မယ်ကြားလား.. 

တကတည်း ငါ့အမကတော့ရှယ်ချွေးမကိုရထားတာပဲ.. " 

ဒေါ်လေးကထဘီမပြီး ရေအိမ်ဝင်ဖို့တောင်မေ့ကာ

ဆောင့်ဆောင့်အောင့်အောင့်နဲ့ပြန်ထွက်သွားပါ

သည်။

>>>>>>>>>>>

" အဲ့တာကြောင့် ရှင့်ကိုပြောသားပဲ၊ ကျွန်မဘာသာ

ရွှေရောင်အတ္တ OC (Complete)Donde viven las historias. Descúbrelo ahora