>>>>>>>>>
ရွှေရောင်အတ္တ ၃၀
အပိုင်း ~ ၃၀ဒီနေ့ သူ့ကုမ္မဏီကအလုပ်သမားတွေလာပြီးအပေါ်
ထပ်ကအခန်းတစ်ခုကိုပြင်နေကြသည်။
သူပါပြန်လာပြီး ညွှန်ကြားနေတာမို့.." အဲ့အခန်းကအကောင်းကြီးကိုဘာလို့ပြင်နေတာ
လဲ..? "
" မင်းနေဖို့... "
ဟင် " ကျွန်မ က ဘာလို့လဲ..!"
" ဒါပြီးရင်မင်းအိမ်ပြောင်းလိုက်တော့.. သွားလိုက်
ပြန်လိုက်နဲ့ပင်ပန်းတယ်..
ပြီးတော့ဟိုအမျိုးသမီးနဲ့အတူနေတာကို မင်းသား
ကလည်းမကြိုက်ဘူး..မင်းပြောင်းလာနေလည်း
ဘာမှပြောမှာမဟုတ်ဘူး.. ""ဒါပေမယ့် မဖြစ်သေးဘူး.."
" ဘာဖြစ်လို့လဲ !
ငါနဲ့တစ်ခန်းထဲနေရအောင်လို့ပြောတာလည်း
မဟုတ်ဘူး.. သားအခန်းဘေးမှာစီစဉ်ပေးထား
တာ.. ဘာကခက်ခဲနေလဲ.. "
" လောလောဆယ်ကျွန်မအိမ်ပြောင်းလို့မရသေး
ဘူး.. ကျွန်မတူမလေးစာမေးပွဲပြီးရင် ကျွန်မနဲ့လာ
နေဖို့ခေါ်ထားတယ်.."ပါလာပြန်ပြီ.. ရွှေလရောင်နဲ့အစွယ်အပွားတွေ။
သူမစကားကြောင့် ရန်အတ္တမျက်နှာမှာပုပ်သိုး
သွားသည်.. သူမကိုခါးထောက်ရပ်ကြည့်ပြီး..." ဒါဆို ငါတို့ကကော.. မင်းအတွက်ဘာလဲ..
မနက်လာညပြန် အိမ်အကူအဒေါ်ကြီး..
သားစားဖို့သောက်ဖို့ချက်ပြုတ်ပေးပြီး၊သားဝေယျာဝစ္စလုပ်ပေးမယ်၊ အဲ့လောက်နဲ့ပဲ မင်းကနေပျော်နေပြီလား..မိသားစုတစ်ခုပြန်ဖြစ်လာဖို့ မင်းဘက်ကခြေတစ်
လှမ်းတောင်တိုးမလာချင်ဘူးလား... "သူအဲ့လိုမေးတော့ ရင်ထဲလှိုက်မောသွားသည်။
ရှင် ကိုကို့ကိုဘယ်လောက်မုန်းသလဲ ကျွန်မသိပါတယ်၊ ကိုကို့ခလေးတွေကိုလည်း ရှင်လုံး၀ကြည်ဖြူ
နိုင်မှာမဟုတ်ဘူး..
ကျွန်မ တူနဲ့တူမအတွက်ကလည်း သူတို့ဘဝရပ်တည်နိုင်အောင်သင်ကြားပေးဖို့ ကျွန်မမှာတာဝန်ရှိသေးတယ်လေ.." ကျွန်မကို အချိန်နဲနဲလောက်ပေးပါ.."
ရန်က သူမကိုရင်နာတဲ့အကြည့်မျိုးနဲ့ကြည့်ကာ.." မင်းကအမြဲတမ်း အဲ့လိုပဲ..
အေး မင်းကြိုက်တာလုပ်.. "
ပြောပြီး အလုပ်သမားတွေဘက်သို့ခပ်ပြင်းပြင်းနင်း
လျှောက်သွားကာ..
" အားလုံး ပြန်လို့ရပြီ မနက်ဖြန်လည်းလာစရာ
မလိုတော့ဘူး.. "
ESTÁS LEYENDO
ရွှေရောင်အတ္တ OC (Complete)
Romanceမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...