ရွှေရောင် အတ္တ ၂၅
အပိုင်း ~ ၂၅
" ဟင် ရှင်ဒီနေ့အလုပ်မသွားဘူးလား.. "
ခါတိုင်းဆို သားနဲ့သူကရှေ့ဆင့်နောက်ဆင့်ပဲအိမ်
ကထွက်နေကြမို့ သူမကမေးလိုက်တာဖြစ်သည်။
သားကကျောင်းသွားပေမယ့် သူကအိမ်နေရင်း
အ၀တ်အစားနဲ့ပင် ဧည့်ခန်းကဆိုဖာပေါ်မှာခြေပစ်
လက်ပစ်ထိုင်နေရင်း...
" ငါကတသက်လုံးအလုပ်ပဲ လုပ်နေရမှာလား"
" မသိဘူးလေ သူဌေးကအိမ်မှာတော်ယုံမနားလို့
မေးတာပါ.. "
" ဟုတ်တယ်..အိမ်ထောင်လေးတစ်ခါကြဖူးယုံနဲ့
သားတစ်ယောက်ရလာပြီး၊ သူ့မအေလုပ်သူကလည်းပစ်ပြေးသွားတော့.. အဲ့ဒီ့သားကိုလူတန်းစေ့
ထားပေးနိုင်အောင် နေ့နေ့ညညဖတ်ဖတ်မောအောင်အလုပ်လုပ်နေရတာနဲ့ တင်၊ ငါ့မှာနားဖို့အချိန်
တောင်မရှိခဲ့ဘူးပဲ.. "
လာပြန်ပြီ ဒီဓာတ်ပြားဟောင်းကြီးပဲ။
နှင်းဆီကကြမ်းတိုက်နေရင်းကနေ...လှမ်းပြီး...
"သိပ်ပြီးဇတ်နာမပြပါနဲ့ရှင်၊ ရှင်ငွေရှာတယ်ဆိုတာ
သူများတကာကိုငွေနဲ့ပိတ်ပေါက်ပြီးအထက်စီးက
နေ ပြောနိုင် နေနိုင်အောင်လို့မဟုတ်ဘူးလား။
ကလေးစားတာ သုံးတာကမဖြစ်စလောက်ကို
ခေါင်းစဉ်လာတပ်ပြမနေပါနဲ့.. "
" ငါ့မှာသာငွေမရှိရင် အခုချိန်မှာဘာဖြစ်နေမလဲ
စဉ်းစားကြည့်လေ.. "
" ကျွန်မက အရေမရအဖက်မရတာတွေကို အချိန်
ကုန်ခံပြီး မစဉ်းစားဘူး။
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကျွန်မသားကိုပြန်
တွေ့ရင် ရင်ခွင်ထဲထွေးပိုက်ထားဖို့ကြိုးစားမှာပဲ။
ဒါပေမယ့် ရှင်အခုလိုချမ်းသာသွားတော့ ကျွန်မ
အတွက်မလွယ်ကူတော့ဘူးပေါ့.. "
ESTÁS LEYENDO
ရွှေရောင်အတ္တ OC (Complete)
Romanceမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...