ရွှေရောင်အတ္တ ၉
အပိုင်း.. ၉
" အဲ့တာဘယ်သူလဲ၊ ဘယ်ကောင့်လက်ချက်လဲ..
အစ်မ ငါ့ကိုပြောစမ်းပါ၊ ဒီကလေးရဲ့အဖေဘယ်သူ
လဲ..."
ပိုးမိတစ်ယောက်နေမကောင်းဘူးထင်နေတာ။
တနေ့ကသူဝယ်ကျွေးတဲ့ဆီချက်ခေါက်ဆွဲတောင်
မစားနိုင်ပဲထအန်လို့ သူအံ့သြနေခဲ့တာ၊ ခါတိုင်းဆို
တစ်ပွဲကိုအသာလေးပဲလေ။
ဒါနဲ့ ဒီနေ့လုပ်အားခနဲ့ပိုးမိကြိုက်တဲ့မုန့်နဲနဲဝယ်လာ
ပြီး အိမ်ကိုဝင်ပို့တုန်း...
သူ့အမေလည်းဒီဘက်အိမ်ရောက်နေပြီး၊ အကြီးနဲ့
နှစ်ယောက်သားတီးတိုးပြောဆိုနေတာတွေကို
သူကြားသွားသည်။
ပိုး ပိုးမိ မှာ ကိုယ် ၀န်ရှိနေပြီတဲ့!
ုပြီးတော့ ဘယ်အကောင်နဲ့လဲဆိုတာမပြောဘူးတဲ့..
သူပါသိသွားတော့လန့်ဖြန့်ပြီးတအင့်အင့်နဲ့ရှိုက်ငိုနေတဲ့ပိုးမိအား ပုခုံးနှစ်ဖက်ကနေဆုပ်ကိုင်ကာ..
"အစ်မ အစ်မ နင်ဘယ်လိုဖြစ်ရတာလဲ...
နင်ဘယ်လိုလုပ် မိုက်ရတာလဲ... ငါ့ကိုပြောစမ်းပါ
အဲ့ကောင်ဘယ်သူလဲ၊ နင့်ကိစ္စကိုသိပြီးပြီလား..?
ဒါတောင် တာဝန်မယူဘူးတဲ့လား..
ဒါဆို ငါသွားသတ်ပစ်မယ်..."
" မဟုတ် မဟုတ်ပါဘူး ရန်ရယ်.. ငါတောင်းပန်ပါ
တယ်၊ ငါ့အပြစ်ပါ၊ ငါ့အမှားပါ...အီး...ဟီး.."
" နင့်အမှားဖြစ်ရအောင် .. တောက်))))
နင်ကမိန်းကလေးလေ ... အဲ့အကောင်ဘယ်သူလဲ
ပဲငါ့ကိုပြောပါ၊ ငါဂုတ်ကဆွဲပြီးနင့်ရှေ့ခေါ်လာခဲ့မယ်.
ငါသတ်ချင်ရင်နေရင်တောင် သီးခံပြီး နင်နဲ့ပေးစား
မယ်... ပြော... ပြောစမ်းလို့..."
" သား တိုးတိုးပြောပါသားရယ်၊ ပတ်ဝန်းကျင်ကြား
ရင် မင်းအစ်မထပ်ပြီးအရှက်ကွဲပါမယ်..."
ESTÁS LEYENDO
ရွှေရောင်အတ္တ OC (Complete)
Romanceမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...