ရွှေရောင်အတ္တ{3} unicode

10.5K 298 2
                                    


ရွှေရောင်အတ္တ ၃

အပိုင်း-၃

ရွှေရောင်..သူမကကျောင်းတတ်တစ်ပတ်ခန့်နောက်ကျတာမို့သူမလွတ်သွားသောသင်ခန်းစာများကို
အတူထိုင်သောဥမ္မာ့ဆိုတဲ့ကာင်မလေးဆီက
နေမှတ်စုဌားလာပြီးပြန်ကူးရေးနေရသည်။

"ကျောင်းတတ်ရတာအဆင်ပြေရဲ့လားသမီး"
"ပြေပါတယ်မေမေ.. "
"အေး အေး..ငါ့သမီးကတော်တော့ဘယ်နေရာရောက်ရောက်အဆင်ပြေမှာမေမေသိပါတယ်။
အဲ့ဒါသမီးကော၊သမီးအကိုကောကသမီးတို့အဖေနဲ့တူတာလေ။ဒါကြောင့်ထူးချွန်ပြီးထက်ထက်မြတ်မြတ်ရှိကြတာ.."

ရွှေရောင်ဆံပင်လေးတွေကိုပွတ်သပ်ပေးရင်းမေမေ
ကသဘောကြစွာချီးကျူးနေသည်။
တကယ်တော့ရွှေရောင်ဖေဖေကညွှန်မှူးအဖြစ်ဒီ
နယ်ကိုပြောင်းလာရတာဖြစ်သည်။
ဖေဖေကတော်တယ်၊ထက်တယ်၊လည်တယ်ဒီနေရာတွေမှာမေမေနဲ့တော့ဆန့်ကျင်ဘက်ပဲ..
မေမေကတော့ရိုးရိုးနုံနုံနဲ့ရယ်..
လူဆိုတာကိုယ့်မှာမရှိတာတွေသူတစ်ပါးမှာတွေ့
ရင်အထင်ကြီးတတ်တယ်တဲ့။ အဲ့တာဟုတ်မယ်
ထင်သည်။ မေမေ့မျက်စိထဲမှာတော့အဖေ့အပေါ်
အထင်ကြီးလေးစားခြင်းတွေကအမြဲတစေပြည့်လျှံ
နေတတ်ပါသည်။
အထင်ကြီးရာကနေ၊နောက်တော့ကြောက်တဲ့ဘက်
ကိုရောက်သွားကော.. အဖေဘာပြောပြော
အဖေ့ရဲ့ဆုံးဖြတ်ချက်တိုင်းကိုပြန်လည်တုံ့ပြန်နိုင်
စွမ်းမရှိတော့တာမျိုး...
ထို့ကြောင့်အဖေက မိသားစုနဲ့ပတ်သက်သမျှအရာ
ရာကိုအတ္တကြီးစွာနဲ့ဆုံးဖြတ်လေ့ရှိသည်။

အမေနဲ့လက်ပွန်းတတီးနေတဲ့ရွှေရောင်အတွက်
တော့မကြာခဏ အဖေမတရားဘူးဆိုတဲ့ခံစားချက်
တွေဝင်ဝင်လာတတ်သည်။ ဥပမာ- မေမေ့ကိုအသုံးမကြဘူးဟုပြောဆိုကြိမ်းမောင်းသောအချိန်မျိုး
မှာပဲဖြစ်သည်။

ဒါလည်းမေမေကစိတ်ဆိုးစိတ်နာတာမရှိ၊ ကျန်းမာ
ရေးနုံချာတဲ့သူ့အားနည်းချက်ကလေးကိုပဲသူတွေး
ပြီး.. မျက်ရည်တလည်လည်နဲ့ခေါင်းငုံ့နေလေ့ရှိ
သည်။
တကယ်တော့အဖေကပညာပဲတတ်တာ၊ အမေဘက်ကချမ်းသာလို့ပံ့ပိုးပေးထားတာပဲ
ဘာအတွက်ခေါင်းငုံ့နေစရာရှိလဲ။
တစ်ခါတစ်လေ အားမလိုအားမရဖြစ်ခဲ့ရသည်။
ဟူး တော်ပြီ.. မိဘကိုမဝေဖန်ထိုက်ဘူး..
အဖေလည်းမှန်တယ်၊ အမေလည်းမှန်တယ်..

ရွှေရောင်အတ္တ OC (Complete)Donde viven las historias. Descúbrelo ahora