ရွှေရောင်အတ္တ ၂၃
အပိုင်း ~ ၂၃KMDသင်တန်းကအပြန်မှာ သုသုနဲ့နှစ်ယောက်
သားမုန့်ဝင်စားကြတော့...
" ငါ့နာမည်ကိုအသုံးချပြီးရလာတာဆိုတော့..
ငါနဲ့ဆိုင်တယ် များများမှာမှ ဘယ်မှာလည်းမီနူး"" ရော့.. မှာ... မှာ..
မျောက်ပြပြီးဆန်တောင်းလာတာဆိုတော့၊ အဲ့ဒီ့
မျောက်ကိုလည်းကျွေးရမွေးရအုံးမှာပေါ့။""ရန်တသ.. အယုတ်တမာကြီး.. သူ့ဟာစားရမှာ
တောင်နင်တယ်.. "
" ဟား ဟား.. အစားရှိအိပ်မပျော်တဲ့နင်ကများ..
နင့်အဖွားသေတုန်းကတောင် တစ်နာရီလောက်
အားရပါးရငိုပြီးတာနဲ့ ငါ့ကိုခေါ်ပြီး မုန့်ဆိုင်မှာတစ်ဖြဲနှစ်ဖြဲပြန်စားတာလေ။ ငါတောင် အဲ့တုန်းကနင့်
အဖွားဝင်နေတယ် မှတ်တာ.. ""ဟဲ့ အဲ့တုန်းကငါကကလေးလေ ...နင်သူများ
ငယ်ကျိုးငယ်နာမဖော်နဲ့နော်.. "
" နင့်အကြောင်းပြောရင် ရီရလို့ပါ။ ငါစိတ်ညစ်တိုင်း
နင့်အကြောင်းတွေပြန်တွေးမိတယ်.. သိလား"သုသုက ဟမ်ဘာကာကိုကိုက်ရင်း...
" အံမာငါကနင့်အတွက်ပျော်တော်ဆက်ကြီးလား..
ဒါနဲ့. ..
ဒုက္ခဆိုတာ တသ မသိတဲ့အရာလို့ကြွေးကြော်ထား
တဲ့ နင်ကဘာကိုညစ်တာတုန်း.."" ညစ်တဲ့အဆင့်တော့မဟုတ်ပေမယ့်...နဲနဲပေါ့."
" ဟင်ဘာလို့တုန်းလို့ တသ.. "" အိမ်မှာ အိမ်အကူအသစ်ရောက်နေတယ်.. "
"ဟုတ်လား ငါ့ပါးပါးတောင် မားမားကိုရှာခိုင်းနေသေးတာ... ရသွားပြီလား၊
ဒါနဲ့အဲ့တာ နဲ့ဘာဆိုင်လို့လဲ.. "" ဒီအိမ်ကို ငါ့စိတ်ကူးအတိုင်းပဲဆောက်ခဲ့တာလေ။
အရင်ကဆိုဒီအိမ်နဲ့ပတ်သတ်တာဘာလုပ်လုပ်
ဖေဖေနဲ့ငါတိုင်ပင်ပြီးမှလုပ်တာ...."" သြော် အန်ကယ်လေးကသင့်တော်မယ့်လူကိုခန့်
လိုက်တာပဲဟယ် နင်ကလည်း.. "
" နင်ဘာသိလို့လဲ....
အခုဖေဖေခေါ်လာတဲ့ အမျိုးသမီးကအရမ်းလှတယ် မင်းသမီးတောင်လုပ်စားလို့ရတယ်.. "
" တကယ်""ဟုတ်တယ်၊ အိမ်အကူဆိုတာလုံးဝမယုံနိုင်စရာ
ရုပ်ရည်မျိုးပဲ၊ပြီးတော့ဖေဖေနဲ့ဆို သက်တူရွယ်တူလောက်ပဲရှိအုံးမယ်.. "
KAMU SEDANG MEMBACA
ရွှေရောင်အတ္တ OC (Complete)
Romansaမင်းတောင် ကိုယ်ထင်ရာကိုယ်လျှောက်ခဲ့ပြီးမှ.. ငါ ငါကြတော့ ပျော်ရွှင်ခွင့်မရှိတဲ့လူလား.. ငါလည်းလူမို့ ဘ၀မှာတစ်ခါလောက်တော့ အချစ်ခံချင်တယ်...ရွှေရောင်နှင်းဆီ။ ငါ့ဘ၀မှာ ဘယ်မိန်းမကိုမှအချိုးအစားခွဲပြီး နဲနဲများများငါမချစ်ခဲ့ဘူး။ ငါလိုလူက ချစ်ရင်လည်းတဆုံး၊...