ရွှေရောင်အတ္တ {7} zawgyi

2.7K 32 0
                                    

ရွှေရောင်အတ္တ ၇

အပိုင်း...၇

ဒီလိုနဲ့ ၁၀တန်းစာမေးပွဲဆိုတဲ့ကျောင်းသားတိုင်းအ

တွက်အနာဂဏ်စစ်ပွဲကြီး စတင်ခဲ့ပါတယ်...

ခုံနံပတ်တွေခွဲကြတဲ့အခါ..တစ်ချို့ကမြောက်ပိုင်းက

ကျောင်းမှာသွားဖြေရတယ်၊ ရွှေရောင်အပါအ၀င်ပေါ့... 

ဒီလိုနဲ့ မဆုံဖြစ်ကြဘူး.. 

စာဖြေဖို့သွားခါနီးမှာ အမေအိမ်ထဲကပြေးထွက်လာ

ပြီးတော့.. 

" ရော့ ရော့ သား၊ ဒါလေးစား.. 

ပြီးရင် အောင်ပြီလို့သုံးခါအော်...."

ပဲပါမုန့်ကြီးဗျ.. အမေဘယ်တုန်းကသွားဝယ်လိုက်

မှန်းမသိဘူး...

" ဟာ အမေကလည်းဗျာ သား ပဲမကြိုက်တာသိရဲ့

သားနဲ့.."

" မကြိုက်လည်းကြိတ်မှိတ်စားလိုက်ပါသားရဲ့..

ဒါမင်းအတွက် ယကြာဟဲ့..."

အမေလည်းတကယ်ဘာဖြစ်နေမှန်းမသိဘူး..စာမေးပွဲပဲ တသက်လုံးဖြေလာတာပဲဥစ္စာ...

အခုမှဗေဒင်မေး၊ဓာတ်မေးနဲ့.. ဘာအရွက်အခက်

တွေမှန်းမသိတာတွေနဲ့လည်းသူ့အိပ်ယာထဲထည့်

သိပ်သေးတယ်..

ဆရာတော်ဘုရားကလည်းအဆောင်ဆိုပြီးဘုရား

ရုပ်ထုကြီးလည်ပင်းမှာဆွဲခိုင်းတာ..ဟိုနှစ်ကောင်

မြင်ရင်ဟား ခံရအုံးမှာ...

ပြောသာပြောတာပါ၊ ကျော်ကြီးအမေလည်းသူ့သား

စာမေးပွဲအောင်အောင်ဆိုပြီး ..ဘုရားကယက္ခကြီး

ဆီမှာ အုန်းဌက်ပျောပွဲနဲ့ ဖင်ပူးတောင်းထောင်

အောင်ဆုတောင်းနေရှာသတဲ့.. 

အမေတွေနဲ့တော့ ခက်ပါတယ်။

လေညှင်းကယူလာပေးတဲ့သတင်းစကာအရတော့

ရှေ့ကဘာသာတွေသူမဖြေနိုင်တယ်တဲ့.. ဂုဏ်ထူးမှတ်မှန်းတယ်တဲ့...

ရွှေရောင်အတ္တ OC (Complete)حيث تعيش القصص. اكتشف الآن