ရွှေရောင်အတ္တ{26} Unicode

10.6K 321 6
                                    


ရွှေရောင် အတ္တ ၂၆
အပိုင်း ~ ၂၆

တစ်ချိန်က မိုးထက်ကနှင်းဆီ၊ မာနကြီးတဲ့နှင်းဆီ၊
သူ့ချစ်သူနဲ့ကလေးတစ်ယောက်ရခဲ့မှန်းသိတာတောင်ရူးရူးမူးမူးချစ်ခဲ့ရတဲ့ နှင်းဆီဆိုတဲ့သူမလေး။
ဒေါက်တာစည်သူ သူ့ရှေ့မှာရှိနေတဲ့နှင်းဆီကိုနှ
မြောတသခြင်းများစွာဖြင့်ကြည့်နေပြီး..

" ဒီနှစ်တွေအတွင်း ဘယ်မှာဘာတွေလုပ်ပြီးနေခဲ့
လဲ၊ အစ်ကိုမေးရင်လည်းဖြေမှာမဟုတ်ဘူးမှတ်လား .. ဒီအတောအတွင်းညီမတစ်ယောက်ထဲ တော်တော်ဒုက္ခရောက်ခဲ့မှာပဲ."

" လူတိုင်းမှာတော့ ဒုက္ခကိုယ်ဆီရှိကြတာပဲလေ၊
ညီမရောက်တဲ့ ဒုက္ခကမှကြီးကျယ်နေတာမဟုတ်
ပါဘူး.. ဒီလိုပဲရင်ဆိုင်ရင်း အချိန်တွေကသူ့အလိုလိုကုန်လွန်လာတာပဲ... "

" မိယွန်းကကောသူ့ကလေးတွေကိုတစ်ချက်တောင်လှည့်မကြည့်ဘူးလား.. "
" ညီမ ဖြစ်နိုင်ရင်သူတို့အကြောင်းတောင်မပြောချင်တော့ဘူး..ကိုစည်သူ
ကလေးတွေကတော့ ညီမရဲ့အရင်းအချာတွေမို့သာပစ်မထားရက်တာ..."
" ဒါပေါ့၊ လူစိတ်တောင်မရှိကြဘူး.. သူတို့တတွေ
ဝဋ်လည်အုံးမှာပါ.. "
ဝဋ်ဆိုတဲ့စကားကြားတော့ သူမ ခြောက်ခြားမိသည်။ ဒါပေါ့လေ.. ဝဋ်ဆိုတာ နောက်ဘဝမကူးဘူး..
ကိုကိုလည်းဝဠ်လည်တာပဲ၊ ဖေဖေလည်းဝဋ်လည်
နေတာပဲ.. ဒါဆိုသူမကကော..
မိသားစုဆိုတာ ကံတူလို့အကျိုးပေးကြတာလေ..
သူမလည်း အဲ့ဒီ့ဝဋ်ကြွေးကိုမိသားစုနဲ့အတူခံယူနေ
ရတာပဲမဟုတ်လား... ဝဋ်.
တစ်လုံးထဲပဲ ဒါပေမယ့် သိပ်ကြောက်စရာကောင်း
တယ်။

" ဒါဆို အစ်ကိုညီမကိုဘာကူညီနိုင်တာရှိလဲ..
အချိန်မရွေးပြောနော်.. ပြီးတော့ လရောင်အကြောင်းလည်း အစ်ကိုလက်လှမ်းမှီသလောက်ထပ်စုံစမ်း
ကြည့်မယ်.. လရောင်ကမိသားစုကိုဒီလိုပစ်ခဲ့မယ့်
လူမဟုတ်ပါဘူး.."
" ကိုကိုတစ်နေရာမှာ အသက်ရှင်လျှက်ရှိနေပါစေ
လို့ပဲ ဆုတောင်းရမှာပဲ။
ဒါမှတူလေးနဲ့တူမလေးမှာ အနည်းဆုံးတော့အဖေဆိုတဲ့ အရိပ်ကလေးရနိုင်မှာ.. "

" ကလေးတွေလေ၊သူတို့ဘယ်အရွယ်ရောက်ပြီလဲ.. "
" သမီးကဆယ်တန်း သားက၈တန်းတတ်နေရပြီ
အစ်ကို.."
" သူတို့ကိုကော အစ်ကိုတွေ့ပြီးကူညီပေးလို့ရတယ်မှတ်လား၊ ညီမစိတ်ဆိုးမလား.. "
" အဓိကတော့ ဖေဖေပဲ၊  အစ်ကို့ကိုမြင်ရင် ကိုကို့
ကိုသတိရနေမယ်လို့ထင်တယ်..."

ရွှေရောင်အတ္တ OC (Complete)Donde viven las historias. Descúbrelo ahora