ရွှေရောင်အတ္တ {10} unicode

10.5K 327 4
                                    


ရွှေရောင်အတ္တ ၁၀
အပိုင်း ၁၀

" မောင်လေး.. နင်ငါ့ကိုကတိပေးပါ၊ နောက်ကို
ဒေါသနဲ့မဆင်မခြင်ဘာမှမလုပ်ဘူးလို့ကတိပေးပါ။
နင်သံတိုင်ကြားထဲရောက်တာမြင်ရရင် ငါအရမ်း
ရင်နာတယ်.. ငါတို့ကဝမ်းကွဲဆိုပေမယ့် နင်ကငါ
အချစ်ဆုံးမောင်လေးပဲ.. ဘယ်သူဘာပြောပြော
ငါ့မောင်လေးပဲ.. သိလား
နင့်လိုဉာဏ်ကောင်းတဲ့ကလေးကဒီလိုနေရာမျိုးနဲ့
မအပ်စပ်ပါဘူး... နောက်ထပ်ဘယ်သူကြောင့်ဖြစ်
ဖြစ် ရန်မဖြစ်နဲ့တော့.. ငါ့ကိုကတိပေးပါ..ရန်လေး

နောက် ကိုလိမ်လိမ်မာမာနေနော်..
ဒီလိုဆုံးမတော့ နင်ရီချင်တယ်မှတ်လား..
ငါကဘယ်လိုအစ်မလဲနော် နင်စိတ်ပျက်တယ်
မို့လား...
နင်သိလားရန်..ဒီလောကကြီးထဲမှာလေ အဖေနဲ့အမေပြီးရင်၊နင်ကငါ့အတွက် တန်ဖိုးအရှိဆုံးကောင်လေးပဲ.." တဲ့...

သူ့ကိုကတိအထပ်ထပ်တောင်းပြီးအချုပ်ကထုတ်
ပေးသည်။
" အစ်မ ဒါဆို ဟိုကောင်ကနင့်ကို.."
" ငါသူတို့နဲ့မပတ်သက်ချင်တော့လို့ပါ ရန်ရယ်..
သူတို့ဆီ နင်လုံးဝထပ်သွားလို့မဖြစ်ဘူးနော်..
အစ်မနဲ့ပေးတဲ့ကတိကို ဘာဖြစ်ဖြစ်တည်ပါ.."

ဆိုလို့ သူအခုအိမ်မှာတောင်မနေဘူး..အောင်ကြီး
တို့နဲ့သွားနေသည်။ အမေကလည်း..
" မင်းတို့သူငယ်ချင်းကိုထိန်းထားပေးပါဆိုလို့
ဟို၂ကောင်ကလည်းသူ့ဘေးနားကမခွာဘူး...

ရွှေရောင်နဲ့လည်းဘယ်လိုမှမဖြစ်နိုင်တော့သလိုပဲ..
ဟက် အစ်မလည်းဘဝပျက်၊ သူလည်းအသဲကွဲရ
တာ။ ဟိုကောင်ကျော်ကြီးပြောသလို..
" မိအေးနှစ်ခါနာမဟုတ်ဘူး၊ ရန်ကြီးနှစ်ခါနာ" တဲ့

မြစ်ကမ်းနဲ့လည်းနီးတာကြောင့်..ဧရာဝတီမြစ်ကြီး
ကိုပဲသွားသွားပြီးအကြောင်းမဲ့ထိုင်ငေးနေမိသည်။
ဒါပေမယ့် နောက်ကျိနေတဲ့စိတ်တွေကတော့ဒီ
အတိုင်းပဲ ကြည်လင်မလာပါဘူး...

အခုရွှေမိသားစုကမြို့တတ်သွားတယ်၊ဟိုအကောင်
က မြို့မှာမင်္ဂလာသွားဆောင်မလို့တဲ့..တောက်))))
လူယုတ်မာတွေ!
ရွှေရောင် ငါမင်းကိုရူးမတတ်ချစ်တယ်၊ ဒါပေမယ့်
မင်းမိသားစုကိုလည်းငါ ခါးခါးတူးတူးမုန်းတယ်..
မင်းနဲ့ငါ့ဇတ်လမ်းက ဒီလိုနဲ့ပဲအဆုံးသတ်ရတော့မှာ
ပါပဲ။
မင်းကရွှေရောင်နှင်းဆီဖြစ်ပြီး ငါကရန်အတ္တဖြစ်နေ
သရွေ့၊ ဒါကိုမပြောင်းလဲနိုင်ဘူး...
>>>>>>>>>>>>>>>>>>

ရွှေရောင်အတ္တ OC (Complete)Onde histórias criam vida. Descubra agora