TW // Violence, Blood
မရင်းနှီးသော အနံ့ နှင့်ပြန်လည်လာသော သတိကြောင့် မျက်လုံးများကိုဖွင့်ကြည့်သောအခါ အဆီအငေါမတည့်သေးသော အမြင်အာရုံကြောင့် အရာရာတိုင်းက ပြာဝေနေလျက်.......မျက်တောင်စင်းစင်းများကို လေးကန်စွာ ခတ်တော့ သူမြင်ရသည်က ဘိလပ်မြေအချောသတ်ထားရာ နံရံနှင့် မျက်နှာကြက်မှ ခပ်မှိန်မှိန်မီးသီး.......
လှုပ်ရှားမရသောကြောင့် ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ဆန်းစစ်တော့ ခုံနှင့်တွဲဖက်ကာ လက်များကို နောက်ပြန်၍ချည်ထားသော ကြိုးများ......
"Shit....."
ခပ်တိုးတိုးကျိန်ဆဲမိသောသူသည် နှာရိုးမှ ဒဏ်ရာယေးယေးနှင့် ပါးစောင်းမှ သွေးစို့လျက်ရှိသော ဒဏ်ရာတို့အတွက် ငြီးငြူနေဖို့မအားသည့်ပုံ......ခြေထောက်မှ ကြိုးပြေနေသော boots အနက်များကို လှမ်းကြည့်သည်.......ခြေသလုံး၌ ချိတ်ထားလေ့ရှိသော သေနတ်သည်လည်း မရှိတော့သောကြောင့် မျက်ခုံးနက်နက်များက ကျုံ့လျက်.....ကြိုးချည်ထားရာ လက်များမှ မှီနိုင်သော ခါးပေါ်ကို စမ်းကြည့်ပြန်တော့လည်း သူချိတ်ထားနေကျ ဓားက မရှိတော့......
"ကျစ်....."
စိတ်မရှည်စွာ စုတ်သပ်မိကာ လက်မောင်းထိရှိအောင် တုပ်ထားသော နောက်ပြန်ကြိုးကို ရုန်းမိသည်......သူ၏ နောက်လိုက် Agent များလည်း သေကုန်ပြီလားမသိ......ချွေးများကြောင့် ရှေ့တွင်ဝဲကျနေသော ဆံပင်ခဲရောင်တို့သည် စိုစိစိ.......သူ၏လက်နက်များရော ပါလာသည့် ကိရိယာများပါ မရှိတော့သောကြောင့် အကျပ်ရိုက်နေလေပြီ......
တံခါးအပြင်မှ ပိုမိုနီးကပ်လာသော ခြေသံများနောက် တံခါးဖွင့်သံကြောင့် ဝင်လာသမျှ မည်သူ့ကိုမဆို စူးရဲသော မျက်လုံးနက်နက်တို့ဖြင့် ကြိုဆိုသည်......
သေနတ်များကို ပိုက်ကာ အပေါက်ဝ၏ တစ်ဖက်တစ်ချက်စီတွင် ရပ်သောသူများကြားတွင် တံခါးပေါက်ကို ယေးယေးငုံ့ကာ ဝင်လာသော လူ......ထိုလူက အသားရောင် ကုတ်အရှည်ကို ဝတ်ထားသည်......
"တစ်ဖွဲ့လုံး မိတာလား......"
သေနတ်လွယ်ထားသောလက်အောက်ငယ်သားဆီသို့ အကြည့်ပို့ကာပြောသောလူ၏ သြရှရှအသံက သူ၏ သရေကိုယ်ကြပ်အင်္ကျီအနက်အောက်မှ ကြက်သီးမွေးညှင်းများကို ထသွားစေသည်......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...