15

1.3K 129 20
                                    

"ငါ Tensol က Mansion ကို လာမယ်.....အခန်းရှင်းခိုင်းထား....."

သူက စီးကရက်ငွေ့များကို မှုတ်ထုတ်ရင်း ခပ်ဆတ်ဆတ်ပြောသည်.......ဖုန်းပြောရသည်ကို သူတကယ်မကြိုက်.....

"Captain.......အဲ့မှာ သခင်လေး Mingyu ရှိနေပါတယ်....."

"Shit.....မအေဘေးလေးက ရောက်နေပြန်ပြီ....."

အသံထွက်ရုံမျှပြောကာ ဖုန်းချပစ်သော Captain သည် စီးကရက်အသစ်တစ်လိပ်ကို မီးညှိကာ ပြတင်းပေါက်မှ အပြင်ဘက်သို့ကြည့်သည်.......
သူတို့သည် Tensol ၏ မြို့ပြင်ဘက်တစ်နေရာတွင်ဖြစ်သည်......ကျယ်ပြန့်သော ကွင်းပြင်သည် မြက်ခင်းစိမ်းစိမ်းများဖြင့် ထပ်မံဖြည့်စွက်သည်.......တော်တော်ဝေးဝေးတွင် ယေးယေးမြင်ရသော သစ်ပင်အုံအုံများနှင့် ၄င်းတို့အထက်တွင် တောင်တန်းများစွာကို ခပ်ရိပ်ရိပ်မြင်ရလိမ့်မည်.......ကျယ်ပြန့်သော Highway လမ်းမကြီး၏ ဘေးတွင် ဟောင်းနွမ်းသော bus ကား မှတ်တိုင်တစ်ခုနှင့် ကားအနက်ရောင် တစ်စီးသာ.......

သူ သန်းခေါင်လောက်က စတင်မောင်းလာခဲ့ခြင်းဖြစ်သည်.......ကောင်လေးတော့ ဘယ်လိုနေမည်မှန်းသူမမှန်းတတ်......သူကတော့ မသိမသာ ခါးတစ်လျှောက် ညောင်းညာသည်.......၄ချီတိတိ ဆက်ဆံခဲ့ရသည့်အကြောင်းအရင်းမှာ ကောင်လေး၏ heat တက်နေသော ယုန်ငယ်တစ်ကောင်ကဲ့သို့ ပြုမူနေခဲ့ခြင်းကြောင့်ဖြစ်မည်......
စီးကရက်ငွေ့များကို မှုတ်ထုတ်ပစ်သော Captain သည် ဝင်လာသော အတွေးများကြောင့် ဟက်ခနဲ ရယ်သည်.......

ထို့နောက် ဘေးတွင် ခွေခေါက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကောင်လေးကို သူက လှမ်းကြည့်သည်.......သူခြုံပေးထားသော စောင်အပါးအောက်မှ တစ်စွန်းတစ်စထွက်နေသော ခြေချောင်းများအား အသာ ကိုင်ထိကြည့်သည်.......
လေထုများက စပ်စုသည်........
အင်း......နူးညံပါတယ်.......Captain ပြန်ဖြေလိမ့်မည်.......

ကောင်လေး၏ ခန္ဓာကိုယ်သည် အဝတ်မဲ့နေခဲ့သည်.....သူကတော့ ယခုထက်ထိ အပေါ်ပိုင်းဗလာ......ရူးသွပ်လုနီးပါး ဆက်ဆံနေခဲ့ချိန်တွင်တောင် အသိစိတ်လွတ်ခါနီး အခြေအနေနှင့်ကောင်လေးက သူ၏ ကျောပြင်မှ အမာရွတ်များကို ထိကြည့်ကာ ဘာတွေလဲ ဟူ၍ ငြီးသံများကြားမှ စပ်စုခဲ့သေးသည်.......
ခံစားချက်များ အထွတ်အထိပ်ရောက်ပြီးချိန်တွင်လည်း မျက်ဝန်းနက်နက်များက မေးရိုးမှ အမာရွတ်မှိန်မှိန်ကိုကြည့်ကာ ဒါ ကျွန်တော် လုပ်ခဲ့တာမလား ဟူ၍ လက်ချောင်းအေးအေးများဖြင့် ထိတွေ့ကာ ရီဝေဝေ မေးခဲ့သေးသည်.......
သူ နည်းနည်းလေးတောင် မပြုံးပြမိခဲ့ပါ.......
ည သန်းခေါင်၏ လေထုအေးအေး......
ကောင်လေး၏ အဖြူရောင်ကိုယ်ရည်များ ပေကျံနေသော ခန္ဓာကိုယ်......
ရီဝေဝေ ပြုံးကာ သူမဖြေသော မေးခွန်းများကို တစ်ခုပြီးတစ်ခု မေးနေသော အသံလှလှတို့ကို ယခုထက်ထိတောင် ခံစားလို့ပြီးနိုင်မည်မထင်.......

Fatal ImpactWhere stories live. Discover now