10

1K 138 25
                                    

တွေးပူစရာများ ဖျောက်ထားလျှင်တော့ ထိုအခန်းထဲတွင် နာရီပေါင်းများစွာ နေရသောသူ့အဖို့ ပျင်းစရာ........သို့ရာတွင်လည်း တွေးပူစရာများက စက္ကန့်နှင့်အမျှ တိုးတိုးလာလျက်.......
ထို ဆွယ်တာအနီတစ်ထည်နှင့် boxer တစ်ထည်သာ ပြန်ဝတ်ထားလျက် ပျင်းရိတိုင်း စတီခုံအသေးပေါ်မှ စီးကရက်လိပ်များကို သောက်သည်.......စိတ်ကုန်စရာ အခန်းကျယ်ကြီးတွင် သူအဖော်ပြုသော တောင်စဉ်ရေမရအတွေးများ........လိင်စိတ်ကြွသည့် ညအချိန်မှ အခန်းထဲရောက်လာသော Captain ဆိုသည့် လူအစုတ်အပြတ်ရော ဘာအစီအစဉ်တွေဆွဲပြီး ယုတ်မာနေပြီလဲ........

ဘယ်နှနာရီကြာမှန်းမသိအောင် ဝတ်ထားသော ထိုလူ၏ ဆွယ်တာအနီကြီးကို အမြင်ကတ်လှသော်လည်း သူ့တွင် ဝတ်စရာမှမရှိပါဘဲ........Boxer ရှိနေသည်ကိုပဲ ကျေးဇူးတင်ရမည်......

သူက ခုံပေါ်တွင် ဒူးထောင်ကာထိုင်လျက် မှန်နံရံအပြင်ဘက်ရှိ ငြိမ်သက်နေသော တောင်တန်းများကို လှမ်းကြည့်သည်......
ဒီလူဟာ မြို့အစွန်တွေမှာသာ နေတတ်သည်.....မြို့ကြီးတော်တော်များများကို နာမည်ဖြင့် သွယ်ဝိုက်ကြီးစိုးထားသော်လည်း လူခြေမရှိသော ဒေသများတွင်သာ အခြေချတတ်သည်......ဒါ သူလုပ်ခဲ့သည့် mission များမှအခြေပြုကာ သတိထားမိခြင်း.......

ရုတ်တရက် တံခါးပွင့်လာသောကြောင့် လှမ်းကြည့်မိတော့ မရင်းနှီးသော မျက်နှာ......ထိုလူက မှုန်ကုတ်ကုတ် မျက်နှာအနေအထားနှင့်သိုးမွှေးခြုံလွှာကြီးကို ခြုံထားလျက် သူ့ကိုမြင်တာတောင် အံ့သြသည့်ပုံမပေါ်.......မတ်တပ်ကောက်ရပ်သောသူ့ကို အပေါ်အောက်ကြည့်ခြင်းဖြင့်အကဲခတ်ကာ တစ်ချက်ရိသဲ့သဲ့ ပြုံးသည်.......

"Kim Taehyungက မထင်ရပါလား......"

ထိုလူက ခပ်သြသြအသံနှင့်ရွေရွတ်ကာ အရှေ့တိုးလာတော့ သူက နောက်ဆုတ်သည်......ဖြူစုတ်စုတ်အသားအရေ ဆံပင်ဖြူဖြူနှင့်ထိုလူက သူ့ကို ဘယ်အချိန်မဆို အန္တရာယ်ပြုနိုင်သည့်သဘော........

"ကောင်လေး......သူတစ်ညကို ဘယ်လောက်ပေးလဲ......."

ရိသဲ့သဲ့မေးလာသောလူအား လှောင်ပြုံးသော Jungkook က လက်ဖဝါးတွင်ထည့်ဖွက်ထားသော ဓားအသေးကို ထိုလူ၏မေးအောက်သို့ချိန်ရွယ်ကာ ခပ်မှေးမှေးမျက်လုံးများကို တည့်တည့်စိုက်ကြည့်သည်..........

Fatal ImpactWhere stories live. Discover now