"ဟိုကောင်လေးကို ဘာလုပ်ပစ်လိုက်လဲ......"
ဆိုဖာပေါ်တွင် ပိုးလိုးပက်လက်အိပ်နေရာမှ ရုတ်တရက်ကြီး ထမေးသော Yoongi.......ထိုလူက လူသာအိပ်နေတာ စိတ်က အမြဲတမ်းနိုးလျက်.....
"ခင်ဗျား သိပြီးသားတွေ မေးမနေစမ်းပါနဲ့........"
အခန်းထဲကို ဝင်ဝင်ချင်း သူက လက်အိတ်အနက်များကို ချွတ်ကာ စားပွဲပေါ်သို့ ပစ်တင်သည်......
"ဟ.....မင်းပြောတာ နားထောင်ချင်လို့လေ Captain......."
ရွှတ်နောက်နောက်စကားကိုတောင် ပျင်းရိစွာ ပြောသော Min Yoongi......
"အာရုံမစားစမ်းပါနဲ့ အစ်ကို......ခေါင်းက ကြည်နေတာမဟုတ်ဘူး......"
Turtle Neck အနက်ရောင်ကို ဝတ်ဆင်ထားသော Captain ၏ ပျားရည်ရောင်သမ်းသော အသားရောင်က ထင်ဟပ်လျက်.......မျက်မှောင်အတိကျုံ့ထားသောအခါ စိတ်ရှုပ်နေမှုက ပိုမိုပေါ်လွင်လျက်......
ထိုအခါ Yoongi ဘက်မှ တိတ်ဆိတ်သွားလျက် ရယ်သံတစ်ချက်ကသာ သူတို့နှစ်ယောက်ကြားတိတ်ဆိတ်မှုကို ပိုမိုပေါ်လွင်စေသည်.......
"မင်း......"
လှဲနေရာမှ ထထိုင်သော Captain Min က Taehyung ကို အစအဆုံးအကဲခတ်မိနေသည့်ပုံ.......
"မင်းက နေရတာ ငြီးငွေ့လာလို့ အပူတစ်ခုကို မရမက လိုက်ရှာနေတဲ့လူနဲ့တူနေတယ်.......ပြီးတော့ မင်းက ဘာကြောင့် စိတ်ရှုပ်နေတာလဲ အဖြေမရှာရဲဘူး Captain......ထွက်လာမယ့်အဖြေကို မင်းကြောက်နေတယ်......."
ကျောပေးကာ ထိုင်သော Captain သည် အပြင်ဘက်မှ တောင်တန်းရှုခင်းကို ကြည့်နေသည်.......အငွေ့မှုန်မှုန်တို့က သူတို့က တလိပ်လိပ်တက်နေသည်.....စီးကရက်ငွေ့တွေ......ပဟေဠိတစ်ခုပေါ်လာတိုင်းသောက်လေ့ရှိသောအရာ.......
သူ့အာရုံက တောင်တန်းများတွင်ရှိမနေမှန်း Yoongi က သိသည်လေ........"ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကို မင်းရှုံးနေပြီလား Captain....."
"ပါးစပ်ပိတ်ထားစမ်းပါ အစ်ကို......"
အရှိုက်ထိသွားဟန် Captain Kim က Captain Min ကို ချက်ချင်းတုန့်ပြန်ကာပြောသည်.......
"ငါသိတဲ့ Captain Kim က Indicolite ရဲ့ စိန်တုံးလေးကို စတွေ့ကတည်းက မြေမြှုပ်လိုက်မှာ.......အခု Captain Kim က မွှန်နေတဲ့ Captain Kim ဖြစ်လောက်မယ်......."
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...