20

1K 91 7
                                    

အပြင်ဘက် နှင်းဖွေးဖွေးတို့ တင်ရှိနေသော တောင်တန်းမြင့်များသည် အာရုဏ်ငှက်များ၏ နှိုးကြားမှုဖြင့် ပဲ့တင်ထပ်သည်.......စိမ်းရင့်ရောင် သစ်တောအုပ်ကိုလှမ်းမြင်ခံစားနိုင်သောအခိုက် သူတို့ကားသည် တောင်ပေါ်တွင် အတန်ကြာအောင် ရပ်ထားခဲ့ခြင်းဖြစ်သည်.......ကားအမိုးဖုံးတို့ကိုလုံအောင်ပိတ်ကာ အတွင်းထဲမှ အပူချိန်ကို မြှင့်တင်သည်......သူ၏ အပေါ်ပိုင်းသည် ဗလာဖြစ်သည်.....သောက်လက်စ စီးကရက်မှအငွေ့များက အလုံပိတ်ထားသော ကားထဲတွင် ပျံ့လွင့်ခရီးနှင်သည်.....သူက ကားအရှေ့ခန်းတွင်ဖြစ်သည်......

ကျောဗလာသည် ကုတ်ရာအစင်းကြောင်းလိုက်......အကြောစိမ်းများထိုးထောင်ရာ လက်တွင်လည်း ကုတ်ရာအသေးများက မြင်သာသလို ရွှေရောင်ဆံပင်ဖျော့များ အရင်လိုလှန်တင်ထားခြင်းမရှိသော ယောက်ျား၏ပါးတစ်ဖက်သည် နီရဲနေဆဲပင်.....
သူ၏ ပယင်းမျက်လုံးများက နောက်ခန်းထဲက သူ၏ ကြက်သွေးရောင် ဝတ်စုံအပေါ်ထပ်အောက် ခြုံလွှမ်းနစ်မြုပ်နေသော ပုံရိပ်ကို ရှေ့မှန်မှလှမ်းကြည့်သည်.....
ဟက်ခနဲရယ်မိသော အသံသြသြနှင့်ထိုယောက်ျားသည် ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးမိတော့ ခေါင်းကိုယေးယေးခါသည်......
အဆိပ်ပြင်းတဲ့ မြွေပေါက်လေး.....

ထိုပုံရိပ်က နှစ်ခြိုက်စွာ အိပ်ပျော်နေသည်......သူ၏ ကြက်သွေးရောင်အပေါ်ဝတ်အောက်တွင် နစ်မြုပ်နေသည်မှာ ဆံပင်ခဲရောင်လေးများသာ မြင်ရလို့......
ထိုအခါ သူက တုန်ရီနေသော ပေါင်တံများကို ပြန်တွေးမိသည်.......
ကြောက်ရွံ့သောအခါ သူ၏ လည်ပင်းများကို ချိတ်ဆွဲဖက်ယက်လာသော လက်များ....
ခန္ဓာကိုယ်၏ ဆန္ဒနှင့်ဆန့်ကျင်သော ကောင်လေး၏ နှုတ်မှ ရပ်ပေးရန်အကြိမ်ကြိမ်တောင်းဆိုလာသော အသံယေးယေး......
ဟန်မဆောင်နိုင်သော ကောင်ငယ်လေးက အထွတ်အထိပ်ရောက်ပြန်တော့ မရပ်ပေးရန် တောင်းဆိုလာပြန်သည်......
မင်းသိလား......မင်းလည်း အတ္တကြီးတာပဲ......

ထိုကောင်လေး၏ မျက်နှာက အယောင်မပျောက်သေး......သူသည် အရေးမပါသော ဆုံးဖြတ်ချက်တစ်ခုကို လေလံပွဲတွင် ချခဲ့မိခြင်းဖြင့် စိတ်ခံစားချက်များကို ကောင်လေးရှေ့တွင် အလုံးစုံထုတ်ပြမိသလို.......Kim Taehyung မပီသစွာပင် ခြေလှမ်းမှားများကို လှမ်းမိခဲ့လျက်.....

You've reached the end of published parts.

⏰ Last updated: Nov 10, 2023 ⏰

Add this story to your Library to get notified about new parts!

Fatal ImpactWhere stories live. Discover now