တစ်ကိုယ်လုံးကိုက်ခဲမှုကြောင့် သူနိုးထလာသည်.....အဓိကအစိတ်အပိုင်းက ခြေထောက်ဖြစ်လိမ့်မည်.......နှာခေါင်းထဲတန်းဝင်လာသော အောင့်သက်သက်အနံ့များနှင့်ချွေးနံ့များက ရောယှက်လျက်........
ထထိုင်သောကောင်လေးသည် ပွယောင်းယောင်းဆံပင်ခဲဖြူများကို ပျင်းတွဲစွာ သပ်တင်လိုက်ကာ ဘေးကို အကြည့်ပို့မိသည်......နှစ်ခြိုက်စွာ အိပ်ပျော်နေဟန် ထိုလူ၏ မလှုပ်မယှက်မျက်နှာထား.......မျက်ခုံးနက်နက်နှင့် နှာတံစင်းစင်းကို သူအကြောင်းပြချက်မရှိ ငေးမိပါသည်......
ခင်ဗျားက မုန်းစရာကောင်းတယ် Captain Kim.....သူက လှုပ်ရှားရလေးကန်လွန်းသော အရိုးအဆစ်တို့ကို ဆန္ဒပြကာ စောင်ပုံကို ဖယ်၍ထသည်........ကြမ်းပြင်ပေါ်သို့ ချမိသော ခြေဖဝါးများမှ ပတ်တီးများကို မြင်သောအခါ အတန်ကြာအောင် စဉ်းစားသည်......သူ၏ခြေထောက်များသည် ကျောက်စရစ်ခဲစများ ပရပျစ်ပျံ့ကြဲရာ မြေကြီးပေါ်တွင် ပြေးခဲ့သည်......တစ်ဖန် ညက ထိုလူ၏ကောက်ကျစ်သောအကြံဖြင့် လှေကားများမှ လျှပ်စီးများဖြင့် ခြေထောက်တစ်ဖက်က ထုံကျင်ယောင်ကိုင်းခဲ့ပြီးပြီ..........တကယ်အသုံးဝင်သည့်အစိတ်အပိုင်းကျမှ လာဖြစ်သည်........
စိတ်ထဲမှ မကြည်လင်စွာ ကျိန်ဆဲပြီးနောက် လိုက်ကာ ကျယ်ကျယ်ရှေ့မှ ခုံသို့သွားသည်......သူ့တွင် boxer အနက်တစ်ထည်သာရှိသည်......လက်ရာနီနီများဖြင့်ပေပွရာ ဖွေးလွှလွှ ခါးသားများကို ခပ်လှမ်းလှမ်းမှ မှန်တွင်မြင်ရသော်လည်း ဘာကိုမှ အတည်ပေါက်ကြီးတွေးတောကာ ဆွေးမနေတော့........နိုးကာစမို့လားမသိ ဉီးနှောက်က အလုပ်မလုပ်ချင်.......အနားရှိကြမ်းပြင်ပေါ်တွင်ကျနေသော ထိုလူ၏ ဆွယ်တာကြက်သွေးရောင်ကိုသာ ကောက်ယူကာ ဝတ်ချလိုက်သည်.........ထိုအခါ ကွာခြားသော ပုခုံးအတိုင်းကြောင့် ဆွယ်တာအပါးက လက်လျှောကျလျက် boxer အနက်များကို မဖုံးတဖုံးအနေအထား..........
မုန်းစရာကောင်းသော ထိုလူ၏ ကိုယ်သင်းနံ့ကိုတိုက်ရိုက်ရနေသော်လည်း လောလောဆယ် သူ့တွင် ဝတ်စရာမှမရှိဘဲ........
ပြတင်းပေါက်ရှေ့မှ ခုံတွင် ခြေထောက်များကို အပေါ်တင်ကာ ဒူးထောင်လျက်အနေအထားတွင် ခပ်ကျုံ့ကျုံ့ထိုင်သော ကောင်လေးက စားပွဲပေါ်ရှိ မီးခြစ်နှင့် စီးကရက်ဗူးကို အကြည့်ပို့သည်.....စီးကရက် တစ်လိပ်ကို ထုတ်ကာ နှုတ်ခမ်းတွင်တေ့၍ မီးညှိသည်.......ပြည့်ဝသော ဆေးရွက်ကြီးနံ့ကြောင့် သူယေးယေးပြုံးမိသား......မသောက်ရတာ အတော်ကြာခဲ့ပြီလေ......
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...