14

1.1K 112 32
                                    

Warning: This content is not suitable for 18- ❗❗❗

"မင်းက ခက်ခဲနေမှ သဘောကျတာလား....Chief.....ဟမ်....."

သေနတ်ကို နားထင်သို့ တဆတ်ဆတ်ထောက်ကာ မေးသော Captain ၏ မျက်ဝန်းတို့က ဒေါသကြောင့် နီလျက်.......

"ခင်ဗျားက ပိုခက်ခဲစေတာမလား......-ီးမလို့ ကျုပ်ကို သိမ်းထားတာလား....သတ်ပစ်လိုက်လေ........"

တောနှင့် မြို့၏ အစပ်ကြားတွင် ဟိန်းထွက်နေသော စကားများသံအား အာရုံပေးမည့်သူက မရှိ......မြို့ကြီးဖြစ်နေသော်ငြားလည်း လူဉီးရေ ထူထပ်မနေ......

"ဘာလဲ......ကျုပ်ကို သိပ်သဘောကျနေတာလား Captain......"

အဖျားရှူးကာ နက်နဲသော အသံရှရှနှင့် ကောင်လေးပြောသည်........ခနဲ့တဲ့တဲ့ ပြုံးလိုက်သေးတာမို့ သရော်နေမှန်း သိသာပါသည်......မျက်ဝန်းနက်နက်တို့ကလည်း တောအနက်၏ အမှောင်စွန်းကို အနိုင်ယူကာ တောက်ပလျက် ညှို့ယူသည်.......တစ်ဖန် ပယင်းမျက်လုံးတို့ကပါ ခြောက်အနက်သဖွယ် ပြုစားရန်ပြင်သည်......

"အင်း....မင်းတွေးနေသလိုပေါ့....."

လက်မောင်းမှ ဆွဲခေါ်ကာ ကားထဲသို့ ပစ္စည်းသဖွယ်ပစ်ထည့်သည်.......သူပါဝင်ထိုင်ကာ လော့ခ်ချပစ်သောအခါ Jungkook က ကားမှန်ကို တံတောင်ဖြင့် ရိုက်ကာ ခွဲရန်ကြံသည်.......ကြိမ်ဖန်များစွာ ရိုက်သောအခါ Captain က ဂုတ်မှတွန်းကာ လက်များကို အချိန်တိုအတွင်းချုပ်ပစ်သည်......

"Benth.....လိုက်ကာချသွား.....မင်းတို့အကုန်ဆင်း....."

"ဒါပေမယ့် Cap-"

"ငါ့သေနတ်က မောင်းတင်ပြီးသား......"

အေးစက်စွာ ပြောသော စကားသံနောက် ဘာ complain မှမတက်ရဲသော လက်အောက်ငယ်သားများသည် အထက် Captain ပြောသည့်အတိုင်း မလွှဲမသွေ နားထောင်ကာ ကားကို ထားခဲ့သည်.......

တိတ်ဆိတ်သွားသည့်နောက် သူသတိထားမိသည်က ကောင်လေး၏ ပြင်းထန်သော အသက်ရှူသံ.......Captain သည် ကောင်လေး၏ ခန္ဓာကိုယ်ကို အဖြေသိပြီးသော ပဟေဠိတစ်ခုသဖွယ် ခြယ်လှယ်သည်.........ခြေထောက်များကို မရုန်းနိုင်အောင် ဖိကာခွထားလျက် လည်ပင်းဖွေးဖွေးကို အသာကိုင်သည်.......ကောင်လေးက ဉာဏ်ဖြတ်သည်.......မျက်ဝန်းအနက်တို့နှင့် တစ်ဖက်လူကို ညှို့ယူတတ်သည်......မျောပါသွားချိန်တွင် လစ်ဖမ်းတတ်သည်........သူ့အား အရာဝတ္ထုတစ်ခုနှင့်ကိုယ်စားပြုမည်ဆို ထိုအရာကား " ထောင်ချောက် " ဖြစ်လိမ့်မည်.....

Fatal ImpactWhere stories live. Discover now