ရေကျသံပြင်းပြင်းကို နားစွင့်သော Jungkook သည် ကုတင်ဘေးများနှင့်မွေ့ယာအောက်တွေကို လိုက်စမ်းကာ တစ်စုံတစ်ခုကို ရှာနေဟန်.......လော့မခတ်ထားသော အံဆွဲများကို တစ်ကန့်ပြီးတစ်ကန့်ဖွင့်ကြည့်သော်လည်း အမွှေးတုံးများသာတွေ့ရသည်........သူက မျက်မှောင်ကျုံ့ကာ အတန်ကြာအောင် အကြံထုတ်သည်.......မျက်လုံးများကလည်း ဟိုစူးစမ်းဒီစူးစမ်းနှင့်......
သူက ခြေနင်းထားသော ကြမ်းပြင်ဆီအကြည့်ပို့မိတော့ တစ်ကွက်စီ ခပ်စောင်းစောင်းပုံဖော်ထားသော ပါကေးကွက်များကို ခြေထောက်ဖြင့် လိုက်ရွှေ့ကြည့်သည်........ကုတင်ရှိရာ အထက်နားမှ ပါကေးတစ်ကွက်သည် ဘေးသားချောင်ကျိနေ၍ ရွှေ့ကြည့်တော့ ခပ်လှုပ်လှုပ်.......ဟိုကလိ ဒီကလိနှင့် ထိုတစ်ကွက်ကို အသာကလော်မိတော့ ခပ်နက်နက် လေးထောင့်ပုံကျွင်းထဲမှ သေနတ်တစ်လက်.......
"ဟက်......ဘယ်ဆိုးလို့လဲ....."
သေနတ်ကိုယူကာ ပါကေးကွက်ကိုအသာပြန်ပိတ်သည်........ရေချိုးခန်းတံခါးဝတွင် ထောင့်ကပ်ကာ ရပ်စောင့်၍ သေနတ်ကို အသင့်ချိန်ထားသည်.......ရုတ်တရက်တံခါးဖွင့်ကာ ထွက်လာသော Taehyung သည် အံ့အားသင့်သွားသော်လည်း ကောင်လေး၏ လက်ကို ခုခံကာ အပေါ်သို့ မြှောက်လိုက်ခြင်းကြောင့် ကျည်ဆန်က မျက်နှာကြက်တွင် စိုက်သည်.......
အားသန်လွန်းသော ကောင်လေး၏ လက်များကြောင့်အံ့သြမိသား.......သူတစ်ယောက်ယောက်ကို ဒီကောင်လေးလောက် အားသုံးကာ မထိန်းချုပ်ဖူးပါ.......သူက အနားရှိ အံဆွဲများရှိရာ ခုံပေါ်သို့ ကောင်လေးကိုပစ်တင်လိုက်သော်လည်း ရေစိိုစိုခါးနှင့် နံရံစောင်းရှရှက ရိုက်မိသွားလျက်........သို့ရာတွင် လက်ထဲမှ သေနတ်ကို ဘယ်လိုမှ ယူ၍မရ.........
"Jeon Jungkook....."
ခပ်မြင့်မြင့်အသံနှင့်ဆောင့်အော်သော အသံသြသြကြောင့်ပိုရုန်းကန်သော ကောင်လေးဆီမှ သေနတ်ကိုဆွဲလုကာ မေးအောက်သို့ထောက်သည်.......လည်ပင်းကို သူ၏လက်တစ်ဖက်လုံးနှင့် အံဝင်ခွင်ကျစွာ ဆုပ်ကိုင်ထားရင်း......
"လူလိုနားမလည်ဘူးလား......ရူးမိုက်တာတွေ နည်းနည်းတောင်မလုပ်ပါနဲ့ဆိုတာကို......"
YOU ARE READING
Fatal Impact
Actionအဆိပ်ပြင်းတဲ့ မြွေငယ်တွေဟာ ဘယ်လောက်ဆွဲဆောင်တတ်မှန်း မင်းသိတယ်ဟုတ်..... Trigger Warning *violence *strong language Disclaimer: This is a fiction. All the names,characters,places and incidents are the author's imagination. They do not resmble the ido...